မီဇိုရမ်တွင် Chin TV Night Mizoram ကျင်းပ

မီဇိုရမ်တွင် Chin TV Night Mizoram ကျင်းပ

မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအား နွေးထွေးစွာလက်ခံကြိုဆိုသည့် မီဇိုရမ်အပေါ်ကျေးဇူးတင်ကြောင်း ဂုဏ်ပြုသည့်အနေဖြင့် Chin TV International မှာကြီးမှုးကျင်းပသော Chin TV Night Mizoram အစီစဉ်တရပ်ကို ဧပြီလ ၁၆ ရက်နေ့က Dawrpui Multipurpose Centre, Aizawl တွင် ကျင်းပခဲ့ကြသည်။  

လက်ရှိမြန်မာ့နိုင်ငံရေးသည် နှစ်လသုံးလအတွင်း ပြီးမြှောက်နိုင်တဲ့ကိစ္စမဟုတ်သည့်အတွက် စစ်ဘေးရှောင်များကို ဆက်လက်ကူညီပေးကြဖို့ အခမ်းအနားတွင် ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်သော ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ်က မြန်မာပြည်သူတစ်ရပ်လုံးကိုယ်စား ယခုလို တောင်းဆိုခဲ့သည်။

"မီဇိုရမ်ဟာ ကမ္ဘာ့ကပ်ဆိုးရောဂါ ကိုဗစ်-၁၉ ဒဏ်ကြီးမားစွာရင်ဆိုင်နေရတဲ့အချိန်မှာ မြန်မာနိုင်ငံမှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် များစွာသောစစ်ဘေးရှောင်တွေရောက်လာကြတယ်။ သို့သော် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးခဲ့ကြတယ်။ ပစ်ပယ်မထားကြဘူးဖြစ်တယ်။ မြန်မာ့နိုင်ငံရေးဟာ နှစ်လသုံးလအတွင်း ပြီးမြှောက်မှာမဟုတ်တဲ့အတွက် ဆက်လက်ပြီးတော့ သည်းခံပြီး ကူညီဆောင်ရွက်ပေးကြဖို့ မီဇိုရမ်အစိုးရ၊ NGOs နှင့် မီဇိုပြည်သူတစ်ရပ်လုံးကို မြန်မာနိုင်ငံကိုယ်စား တောင်းဆိုပါတယ်။" လို့ ပြောသည်။

အရင်က စစ်ဘေးရှောင်များကို ပြန်ပို့ဖို့တွန်းအားပေးနေတဲ့ အိန္ဒိယဗဟိုအစိုးရက အခုတော့ ကူညီထောက်ပံ့မှုများ ပေးအပ်နေပြီဖြစ်တယ်လို့ ဧည်ဧည့်တော်ကြီးအဖြစ် ဖိတ်ကြားထားသော Pu Ramthanmawia, MLA က ယခုလိုပြောသည်။

 "Chin TV International က ယခုလိုပြုလုပ်တဲ့အစီအစဉ်အပေါ် အထူးကျေးဇူးတယ်။ မီဇိုရမ်ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ငွေကြေးအခက်အခဲရင်ဆိုင်နေကြရတဲ့အတွက် ခင်ဗျားတို့ မျော်မှန်းသလောက် ကူညီမထောက်ပံ့နိုင်တဲ့အပေါ် နားလည်ပေးကြဖို့ပြောဆိုခဲ့သည့်အပြင် အိန္ဒိယဗဟိုအစိုးရက စစ်ဘေးရှောင်ကူညီဖို့အတွက် ရူပီး သိန်း ၁၀၀၀ ယာထားပြီး ရူပီး သိန်း ၃၀၀ ချပေးပြီဖြစ်တယ်။ ၎င်းငွေကြေးကို မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးမှာရှိတဲ့ Deputy Commissioner (DC) ကို ပေးအပ်ခဲ့ပြီဖြစ်တယ်။ ကျန် သိန်း ၇၀၀ နဲ့ အခြားသောကူညီထောက်ပံ့မှုများကိုလည်း အမြန်ဆုံးရရှိဖို့ မျော်လင့်တယ်။" လို့ ပြောသည်။

အဆိုပါအခမ်းအနားတွင် Chin TV International မှ နှစ်စဉ်နှစ်တိုင်း ပေးအပ်ချီးမြှင့်လျက်ရှိသော ဆု၊ ကိုဗစ်-၁၉ ကြောင့် မပေးအပ်ဖြစ်တဲ့ ဆုလေးခုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။

၎င်းတို့မှာ Chin Humanitarian award 2020 ကို ဒေါက်တာ ဆာဆာ၊ Chin Artist of the year 2020 ကို Benjamin Sum၊ Chin Literature award 2020 ကို Mai Sokhlei Par နှင့် Chin Gospel singer of the year 2020 ကို အဆိုတော် Sangpi တို့က အသီးသီးရယူခဲ့ကြသည်။

အခမ်းအနားအစီစဉ်တွင် ချင်း၊ မီဇိုး တိုင်းရင်းသား တေးသံရှင်များဖြစ်ကြသည့် Guys from Chin, Shin Bia, Thawn Kham, Yaw Kee, DJ Lalvenhimi, Zoramchhani, Marina V Varte, Sangtei Khuptong နှင့် Angaihtei တို့မှ သီဆိုဖျော်ဖြေခဲ့ကြသည်။

ချင်းနှင့်မီဇိုး သွေးချင်းညီအကိုဖြစ်ခြင်း၊ လက်ရှိမြန်မာ့အရေးအခင်းကြောင့် ဒုက္ခဆင်းရဲကြုံတွေ့ပြီး ကြမ်းတမ်း ခက်ခဲ သည့်ကာလတွင် မြန်မာပြည်သူများအား လက်ခံပြုစုစောင့်ရှောက်ကာ နည်းလမ်းမျိုးစုံဖြင့် လက်တွေ့မေတ္တာပြသည့် မီဇိုရမ်ပြည်နယ် အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များနှင့် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ကျေးဇူး တင်ရုဏ်ပြုသည့်အနေဖြင့် Chin TV International က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...