မြစ်ကြီးနား Pat Jasan အဖွဲ့က ဆိုင်ကယ်ပျောက်ဆုံးမှုများ ကူညီရှာဖွေပေးနေ

မြစ်ကြီးနား Pat Jasan အဖွဲ့က ဆိုင်ကယ်ပျောက်ဆုံးမှုများ ကူညီရှာဖွေပေးနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan)အနေဖြင့် ဆိုင်ကယ် ပျောက်ဆုံးသွားသည့် ပြည်သူများအတွက် ရှာဖွေကူညီ ဆောင်ရွက်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသည့် သူများက ဆိုင်ကယ် အရောင်းဆိုင်၊ ကွမ်းယာဆိုင် အစရှိသည့် ဆိုင်များတွင် ပေါင်နှံထားခြင်းများရှိသည်ကို ၎င်းတို့ အနေဖြင့် လိုက်လံ ကူညီရှာဖွေခဲ့ရာ လက်ရှိ ဆိုင်ကယ်(၇)စီးကို ပိုင်ရှင်များထံ အပ်နှံနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆပ်ကပ်ပါဝင်နေသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ပေါင်ထားတဲ့ ဟာတွေပေါ့။ မူးယစ်ဆေးဝါးသုံးတဲ့ သူတွေ ဆီကနေပေါ့။ (၇)စီးလောက်ရှိတယ်။ ဆိုင်ကယ်ဆိုင်တို့ ကွမ်းယာဆိုင်တို့မှာ ပေါင်ထားကြတယ်။ ကျွန်တော်တို့က အခကြေးငွေမယူဘဲနဲ့ ကူညီပေးတာ။ တစ်လကျော်လောက် လိုက်လိုက်ရတယ်။ ဒီဆိုင်ကယ်(၇)စီး ပြန်ရဖို့။  အခုက ပိုင်ရှင်တွေ ယူသွားကြပြီ။ အကူအညီ လာတောင်းတဲ့သူတွေကို ဆက်လက်ကူညီသွားမယ်။” ဟု ၎င်းက ဆိုသည်။

၎င်းတို့ အနေဖြင့် အကူအညီတောင်းလာသည့် ပြည်သူများအတွက် အခကြေးငွေမယူဘဲ မိမိတို့ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း သိရသည်။

Most read this week

June 27, 2024
ရေဖြူမြို့နယ်၊ မွန်ပြည်သစ်ပါတီ၏  ထားဝယ်ခရိုင် မျောက်ချောရွာနှင့် အဆိုပါဒေသတစ်ဝိုက်ရှိ...
June 25, 2024
မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊အင်းပြောင်ကျေးရွာအုပ်စု ၊တံခွန်တိုင်ကျေးရွာမှ  သားအဖနှစ်ဦးကို...
June 24, 2024
မွန်ပြည်နယ်အတွင်းရှိ ဆန်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များနှင့် ပွဲစားတို့ကို မြန်မာနိုင်ငံ...
June 21, 2024
ထိုင်း- မြန်မာနယ်စပ်ဘုရားသုံးဆူမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်သူ...