သတင်းစီစစ်ရေး စာမျက်နှာ ဟန်ဆောင်ကာ သတင်းမှန်တွေကို သတင်းမှားအဖြစ် ပုံဖျက်

သတင်းစီစစ်ရေး စာမျက်နှာ ဟန်ဆောင်ကာ သတင်းမှန်တွေကို သတင်းမှားအဖြစ် ပုံဖျက်

ပြည်သူတွေ အားကိုးအားထားပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေဖြစ်တဲ့ BBC၊ RFA၊ Khit Thit Media၊ DVB၊ Mizzima၊ Myanmar Now၊ ဧရာ၀တီ အစရှိတဲ့ သတင်းဌာနတွေကနေ ရေးသားထုတ်လွှင့်ထားတဲ့ သတင်း တွေဟာ သတင်းအမှားတွေပါ ဆိုပြီး သတင်းအမှား စစ်ဆေးတဲ့ ပုံစံမျိုးနဲ့ ရေးသားမှုတွေကို စစ်အာဏာ သိမ်း ပြီးနောက်ပိုင်းမှာ တော်တော်များများ တွေ့လာရပါတယ်။

အခုရက်ပိုင်းမှာ အထူးသတိထားမိတာက FACT CHECK ဆိုတဲ့ Facebook စာမျက်နှာဟာ အချက်အလက် စစ် ဆေးတဲ့ ပုံစံမျိုး၊ သတင်းအမှား စစ်ဆေးတဲ့ပုံစံမျိုးနဲ့ သတင်းဌာနတွေကနေ တက်လာတဲ့ သတင်းတော်တော် များများကို သတင်းအမှားပါဆိုပြီး ပြုလုပ်ရေးသားနေတာကို တွေ့ရပါတယ်။

အထူးသဖြင့် သတင်းဌာနတွေက ရေးသားထားတဲ့ တိုက်ပွဲနဲ့ ပတ်သက်တဲ့သတင်းတွေ၊ တိုက်ပွဲအတွင်း ထိခိုက် ကျဆုံးတဲ့ သတင်းတွေ၊ စစ်ကောင်စီတပ် ဖောက်ခွဲခံရတဲ့ သတင်းတွေ၊ စစ်ကောင်စီတပ်က လူ့အခွင့်အရေး ချိုး ဖောက်မှု ကျူးလွန်ထားတဲ့သတင်းတွေ၊ စစ်သားတွေက ပြည် သူ့ရင်ခွင် ခိုလှုံလာတဲ့ သတင်းတွေနဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေထံ ပူးပေါင်းလာတဲ့ သတင်းတွေ အစရှိတဲ့ သတင်းတွေကို သတင်းအမှားတွေ ပါ ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေကို တွေ့ရပါတယ်။

အဆိုပါရေးသားမှုတွေဟာ သတင်းအမှန်တွေကို သတင်းအမှားတွေပါဆိုပြီး ပြည်သူတွေ ဝေဝါးသွားအောင် တန် ပြန် ဝါဒဖြန့်ရေးသားမှု သက်သက်သာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ FACT CHECK ဆိုတဲ့ Facebook စာမျက်နှာက သတင်းအမှားလို့ ပြောတဲ့ သတင်းတွေ ဟာ သတင်းအမှားတွေ မဟုတ်ပဲ သတင်းအမှန်တွေ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

ပြီးတော့ သတင်းဌာနတွေက ထုတ်လွှင့်ထားတဲ့ သတင်းတွေဟာ သတင်းအမှားတွေပါလို့ ပြောလို့ရနိုင်တဲ့ အ ချက်အလက် အထောက်အထားတစ်စုံတစ်ရာကို FACT CHECK ဆိုတဲ့ Facebook စာမျက်နှာက ပြသနိုင်ခြင်း မရှိ ပဲ သတင်းအမှားဖြစ်တယ်။ လုပ်ကြံသတင်းဖြစ်တယ်၊ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း မရှိဘူး စတဲ့ ရေးသားမှုတွေ သာ တွေ့ရပြီး ယုံကြည်လို့ရတဲ့ အထောက်အထား ပြသနိုင်ခြင်း  မရှိတာကိုတွေ့ရပါတယ်။

အခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း သတင်းဌာနတွေက ဒေသခံ သတင်းရင်းမြစ်တွေနဲ့ တိကျသေချာပြီး ခိုင်လုံမှုနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို မေးမြန်းပြီးမှ သတင်းရေးသားကြတာဖြစ်ပါတယ်။

အဲလို ရေးသားမှုတွေကို သတင်းထောက်တွေက သတင်းထောက်ချုပ်၊ သတင်းအယ်ဒီတာ အဆင့်ဆင့်တွေကို ပေးပို့ တည်းဖြတ်စေပြီး၊ ခိုင်လုံမှုနဲ့ သေချာမှု ရှိမှသာ သတင်းတွေကို ထုတ်လွှင့်ကြတာဖြစ်ပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို သေချာစစ်ဆေးလိုက်တဲ့အခါမှာ FACT CHECK ဆိုတဲ့ Facebook စာမျက် နှာရဲ့ ရေးသားမှုတွေဟာ ဝါဒဖြန့်ဖို့သက်သက်နဲ့ သတင်းဌာန တွေကို အပုပ်ချချင်တဲ့ သဘောနဲ့ သတင်း အမှန်တွေ ကို သတင်းအမှားပါဆိုပြီး ရေးသားဖြန့်ဝေနေတာ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

သတင်းအမှန်တွေကို သတင်းအမှားတွေအဖြစ် ပုံဖော်ပြီး မီဒီယာကို မီဒီယာနဲ့ တန်ပြန်တိုက်ခိုက်မယ်ဆိုတဲ့ စစ် တပ်ရဲ့ မူဝါဒဟာ အရင်က တည်းရှိနေပြီး အခုဆိုရင် ပိုမိုပြီး အားကောင်းလာတဲ့အပြင် သတင်းအမှားတွေကို ပုံစံ မျိုးစုံနဲ့ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေး ရုပ်သံလိုင်း MWD ၊ MRTV ၊ နဲ့ သတင်းစာတွေဖြစ်တဲ့ ကြေး မုံ၊ မြန်မာ့အလင်းစတဲ့ နေရာတွေမှာပါ သတင်းအမှားတွေကို ပြောင်ကျကျ ထုတ်လွှင့်တာတွေ ရေသား နေတာ တွေကိုလည်း တွေ့ရပါတယ်။

FACT CHECK Facebook စာမျက်နှာဟာ သတင်းဌာနက သတင်းတွေကို သတင်းအမှားဆိုပြီး Facebook မှာ မြန် မာဘာသာနဲ့ ပြောဆိုရေးသားနေသလို Twitter မှာလည်း Myanmar Fact Check @FactCheck_Myan ဆိုတဲ့ နာမည်နဲ့ အင်္ဂလိပ်လို ရေးသားပြီး ဖြန့်ဝေနေတဲ့အပြင် Telegram မှာလည်း တွေ့နေရပါတယ်။

FACT CHECK Facebook စာမျက်နှာကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၇ ရက်နေ့မှာ စတင်ပြုလုပ်တာဖြစ်ပြီး လက်ရှိ အချိန်အထိ Like လုပ်ထားသူ ၁၄၇၆ Follow ထားသူ ၁၅၉၁ ရှိနေပါတယ်။ Myanmar Fact Check @ FactCheck Myan Twitter ကိုတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင်ပြုလုပ်ထားတာဖြစ်ပြီး လက်ရှိ အချိန် အထိ Followers ၆၃ ရှိနေပါတယ်။ ဒါ့အပြင် FACT CHECK Telegram မှာတော့ Subscribers ၅၀၀၀ နီးပါး ရှိနေတာကို တွေ့ရပါ တယ်။

သတင်းဌာနတွေက သတင်းတွေကို သတင်းအမှားပါဆိုပြီး ရေးသားနေတဲ့ FACT CHECK ရဲ့ Facebook Page Twitter နှင့် Telegram တွေကို ဒီမှာ https://www.facebook.com/FACT-CHECK-111989408042162/ https://t.me/factcheckmm https://twitter.com/FactCheck_Myan ဝင်ကြည့်လို့ရပါတယ်။

လက်ရှိမှာဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ ပါတ်သက်တဲ့ သတင်းအမှား၊ NUG ၊ CRPH ၊ PDF နဲ့ ပတ်သက်တဲ့ သတင်းအမှား၊ နိုင်ငံခေါင်းဆောင်တွေ၊ နာ မည်ကြီး ထင်ပေါ်ကျော်ကြားသူတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ အပြင် လူတစ်မျိုးနဲ့ တစ်မျိုး မုန်းတီး အောင်၊ လူမျိုးရေး ပဋိပက္ခကို ဖြစ်စေတဲ့ ပြောဆိုရေးသားမှုတွေကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် သတင်းတု/သတင်းမှားတွေကို ရုပ်သံပုံစံမျိုးရော၊ အွန်လိုင်း သတင်းရေးသားမှုပုံစံမျိုးရော၊ နှစ်မျိုးစလုံး နဲ့ သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကိုတွေ့ရပါ တယ်။

အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတဲ့အပြင် သတင်းအမှန်တွေကို သတင်းအမှားတွေပါဆိုပြီး ရေးသားကာ ဖြန့်ဝေနေကြပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး/ နားထောင်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့် ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ် ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...