ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်တွင် ချင်းအမျိုးသားနေ့ကျင်းပရန် စစ်ကောင်စီ စီစဉ်

ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်တွင် ချင်းအမျိုးသားနေ့ကျင်းပရန် စစ်ကောင်စီ စီစဉ်

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်မယ့် ၇၄ နှစ်မြောက် ချင်းအမျိူးသားနေ့အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီ က ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်စလုံးမှာ ကျင်းပပြုလုပ်ဖို့စီစဉ်နေပြီး အဲဒီအခမ်းအနားအတွက် တစ်မြို့ နယ်ကို သိန်း ၂၀ ထိဘတ်ဂျက်ချထားပေးမယ်လို့ ချင်းပြည်နယ်စစ်ကောင်စီဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။

“ မြို့နယ်အားလုံးတော့လုပ်ပါလို့ကျနော်တို့ပြောထားတယ် တစ်မြို့နယ်ကို ခရိုင်မြို့ဆိုလို့ရှိရင်သိန်း ၂၀ ပံ့ပိုးမယ်၊ ရိုးရိုးမြို့ နယ်ဆိုလို့ရှိရင် ၁၅ သိန်းပံ့ပိုးမယ်ပြောထားတယ် ထန်တလန်တော့မရဘူးခင်ဗျား ထန်တလန်ကမြို့ပျက်နေပြီလေ မြို့မှာ လူမှမရှိတော့တာ အရင်တုန်းကလိုတွေတော့ကျင်းပနိုင်မယ့်အလားအလာမရှိဘူး ပြည်ထောင်စု အဆင့်ဝန်ကြီး တွေကို လည်း ဖိတ်ဖို့မှန်းထားပါတယ်’’ လို့ စစ်ကောင်စီဝန်ကြီး ဦးကျော်ငြိမ်းကပြောပါတယ်။

ချင်းပြည်နယ် ၈ မြို့နယ်စလုံးမှာ ချင်းအမျိုးသားနေ့အခမ်းအနားတွေကို ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတဲ့ တချိ န်တည်းမှာပဲ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီကဦးစီးကျင်းပမယ့် ချင်းအမျိုးသားနေ့အစီစဉ် မှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းမပါဝင်ကြဖို့ တိ်ုက်တွန်းမှုတွေလည်းရှိနေပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းကော်မီတီ CDJC ပြောရေးဆိုခွင့်ရှိသူက “ချင်းအမျိုးသားနေ့ဆိုတဲ့ဟာက ကျနော်တို့ ချင်းလူမျိုးတွေရဲ့အထွဋ်ထိတ်ထားတဲ့နေ့ဖြစ်တယ် အခုလောလောဆယ်က တော့ ကျနော်တို့ချင်းပြည်မှာ အားလုံး စစ်တိုက်နေကြတဲ့အချိန်မှာ စစ်ကောင်စီကနေ ကျနော်တို့တမျိုးသားလုံးရဲ့ လူအင်ဆန္ဒမပါပဲနဲ့ အဲလိုမျိုးလုပ်ခိုင်းတဲ့ ဟာတွေကတော့ ကျနော်တို့ကမလုပ်ဖို့ရန်အတွက် ကျနော်တို့တားခြင်းဖြစ်တယ် ဒါပေမယ့်လည်းကျနော်တို့CJDC ထိန်းချုပ်နယ်မြေတွေမှာတော့ကျနော်တို့ ကျနော်တို့လုပ်ဖို့အစီစဉ်ရှိပါတယ်’’ လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီကနေ ကျင်းပမယ့် ချင်းအမျိုးသားနေ့အခမ်းအနားမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ခြင်းလုံးဝမလုပ်ကြဖို့ ပူးပေါင်းပါဝင်သူတွေဟာ အမျိုးသားသစ္စာဖောက် တော်လှန်ရေး ရန်သူအဖြစ်သတ်မှတ်ပြီး အပြစ်ပေးခံရမယ်လို့ ဇန်နဝါရီလကုန်ပိုင်းကတည်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ချင်းပြည်နယ်မှာ စစ်ဆင်ရေးတွေအကြီးအကျယ်လုပ်ဆောင်နေပြီး အပစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှိုဖျက်ဆီးတာတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီအနေနဲ့ ချင်းအမျိုးသားနေ့ကျင်းပဖို့စီစဉ်တာဟာ အနှစ်သာရမဲ့ပြီး ရီစရာဖြစ်နေတယ်လို့ ထန်တလန်မြို့က နေအိမ်မီးရှိုခံရတဲ့ စစ်ဘေးရှောင်တစ်ဦးကခုလိုပြောဆိုပါတယ်။

“ ချင်းအမျိုးသားနေ့ဆိုတာတော့ ချင်းလူမျိုးတွေက အုပ်စုတစုလူတစုကနေ အုပ်ချုပ်တာကို အဲဒါထက်စာရင်အများ သဘောတူတဲ့ဟာနဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့အုပ်ချုပ်တာကို လိုချင်လို့ ချင်းအမျိုးသားနေ့ဆိုတာ ချင်းပြည်နယ်မှာ ပေါ်ပေါက်လာတာကိုး အခုချိန်မှာတော့မြန်မာပြည် ချင်းပြည်နယ်အပါအဝင်ပေါ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ဖို့ အတွက်ကြိုးစားရုန်းကန်နေတဲ့အချိန်မှာ အခုလက်ရှိ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကချင်းပြည်နယ်မြို့နယ်တိုင်းမှာ ချင်းအမျိုးသားနေ့လုပ်မယ်ဆိုတာတော့ အနှစ်သာရလုံးဝ မရှိဘူး ဘယ်မှလည်းအယုံကြည်မရှိဘူး သူကအပြောနဲ့ အလုပ်လုံးဝမညီတဲ့အလိမ်ညာသမားအကြမ်းဖက်သမား လူနေအိမ်တွေ ကျနော်တို့ထန်တလန်တည်းမဟုတ်ပါဘူး နေရာ တိုင်းမှာပဲ ဖျက်ဆီးတယ် အဲဒါကို ချင်းအမျိုးသားနေ့လုပ်မယ်ဆိုရင် ရီစရာပဲ ဟာသလိုဖြစ်နေတာပေါ့’’ လို့သူကပြောပါ တယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလကတည်းက စစ်အင်အားအလုံးအရင်းနဲ့ ချင်းပြည်နယ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ထန်တလန်မြို့ဟာလည်း စစ်ကောင်စီတပ်ရဲ့ မီးရမှုကြောင့် ဘုရားကျောင်း ၈ ကျောင်းအပါအဝင် အိမ်ခြေ ၉၀၀ ကျော်လောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။

ချင်းလူမျိူးတွေရဲ့ နေထူးနေ့မြတ်ဖြစ်တဲ့ ချင်းအမျိုးသားနေ့ဟာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်ကနေ ၂၂ ရက်နေ ့ အထိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ်ချင်းအမျိုးသားညီလာခံမှာ တိုက်သူကြီးအုပ်ချုပ်တဲ့ ပဒေသရာဇ်စနစ်အစား ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကို ရွေးချယ်ခဲ့ကြတဲ့နေ့ရက်ကို အစွဲပြုပြီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

၁၉၅၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာကျင်းပတဲ့ ချင်းရေးရာဝန်ကြီးအစည်းအဝေးမှာ ပထမဆုံးအကြိမ်ချင်း အမျိုး သားညီလာခံကျင်းပတဲ့နေ့ရက်ကိုအစွဲပြုပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိရာကနေ ဒီနှစ်ဆိုရင် ၇၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...