မူလစွဲဆိုထားခြင်းမရှိသည့် ပုဒ်မဖြင့် စွဲချက်တင်၍ မြန်မာ့ တရားစီရင်ရေးကို ရှက်မိဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ပြော

မူလစွဲဆိုထားခြင်းမရှိသည့် ပုဒ်မဖြင့် စွဲချက်တင်၍ မြန်မာ့ တရားစီရင်ရေးကို ရှက်မိဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ပြော

ရွေးကောက်ပွဲဆိုင်ရာ သီးခြား ဥပဒေပုဒ်မဖြင့် တရားစွဲဆို ခံခဲ့ရသော်လည်း စွဲချက်တင် အမိန့် ချသည့် နေ့တွင် ရာဇသတ်ကြီး ပုဒ်မဖြင့် ပြောင်းလဲ စွဲချက် တင်ခံရသည့်အတွက် မြန်မာနိုင်ငံ၏ တရားစီရင်ရေးကို ရှက်မိကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်ဟု ထောင်တွင်း သတင်းရင်းမြစ် အချို့ထံက သိရသည်။

စစ်ကောင်စီက ဒေါက်တာ ဇော်မြင့်မောင်ကို ရွေးကောက်ပွဲ ဆိုင်ရာ သီးခြား ဥပဒေပုဒ်မဖြင့် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ် တရားရုံးနှင့် အမရပူရ မြို့နယ် တရားရုံးတို့တွင် တရား စွဲဆိုထားရာ ယမန့်နေ့ ဇန်နဝါရီ ၁၉ ရက်တွင် အိုးဘို အကျဉ်းထောင်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ် တရားခွင် နှစ်ခု၌ ရုံးထုတ် ကြားနာသည်။

အမရပူရမြို့နယ် တရားခွင်တွင် ကြားနာသည့်အမှု တစ်မှုအတွက် သီးခြား ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပုဒ်မဖြင့် စွဲချက်တင်ရမည့် အစား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၀(စ) ဖြင့် စွဲချက်တင် အမိန့် ချမှတ်ခံခဲ့ရသည်။

“ဒေါက်တာ ဇော်မြင့်မောင်ကတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို စိတ်လေတယ်။ ရှက်မိတယ်လို့ ပြောတယ်။ အရင်တုန်းက ကျင့်ထုံးကျင့်စဉ်က စွဲတဲ့ ပုဒ်မနဲ့ မညိစွန်းရင်တော့ လွှတ်ပေး လိုက်တာပဲ။ (ဥပမာဗျာ) လူတစ်ယောက်က ကျွန်တော့်ကို လိမ်ပါတယ်လို့ ဆိုပြီး တရားစွဲ လိုက်တယ်။ လိမ်တာ မပေါ်ပေါက်ဘူးဆိုရင် လွှတ်ပေးရတယ်။ လိမ်တာတော့ မပေါ်ပေါက်ဘူး အလွဲသုံးစား လုပ်တာတော့ ပေါ်ပေါက်တယ်ဆိုပြီး ကြံဖန် စွဲချက်တင်ပြီး ဖြေရှင်စေခိုင်းတာ။ ဒေါက်တာဇော်မြင့်မောင် အမှုက အဲ့ဒီလိုဖြစ်နေတာ။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (သီးခြား) ပုဒ်မတွေနဲ့ စွဲတယ်။ စွဲချက်တင်တော့ ရာဇသတ်ကြီး ပုဒ်မ ၁၇၀ (စ) နဲ့ အမှု စွဲတင်တယ်ပေါ့ဗျာ” ဟု သတင်းရင်းမြစ်က ပြောသည်။

အောင်မြေသာစံ မြို့နယ် တရားခွင်တွင် ကြားနာသည့်အမှုကိုမူ မိတ္ထီလာခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်ရှိသူ အမျိုးသမီး တစ်ဦး လာရောက် စစ်ဆေး ခံခဲ့သည်ဟု ဆိုသည်။

ယင်းအမှုနှစ်မှု အနက် တစ်မှုသည် စွဲချက်တင် အမိန့်ချမှတ်သည့် အဆင့်သို့ ရောက်ရှိခဲ့ပြီး တစ်မှုမှာ တရားလိုပြ သက်သေ စစ်ဆေးသည့် အဆင့်ပင် ရှိနေသေးသည်။

ဒေါက်တာ ဇော်မြင့်အောင်၏ အမှုနှစ်မှု အတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အိုးဘို အကျဉ်းထောင် အတွင်းရှိ သက်ဆိုင်ရာ မြို့နယ် အထူးသီးသန့် တရားခွင်များတွင် စစ်ဆေးသွားမည် ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကင်ဆာဆေး ၁၀ ရက်တာ သွင်းပြီးသွားပြီး ဖြစ်သောကြောင့် လက်ရှိတွင် အကျဉ်းထောင်တွင်း ဆေးရုံမှ တစ်ဆင့် ၎င်း၏ အိပ်ဆောင်အတွင်း ပြန်လည် ပြောင်းရွှေ့ သွားပြီ ဖြစ်သည်။

“ မနေ့က သူ့မိန်းမရော သူ့သမီးရော ၀င်တွေ့ခွင့်ရတယ်။ ကျန်းမာရေး ကောင်းပါတယ်။ သောကြာနေ့ နောက်ဆုံး ဆေးသွင်းပြီးတော့ စနေနေ့ကျတော့ ထောင်ဆေးရုံကနေ သူ့ကို အခန်းကို ပြန်ရောက်နေပါပြီ” ဟု ၎င်းတို့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

Most read this week

November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...