စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆင်နွဲနေသည့် ချင်းပြည်နယ်တောင်ပိုင်းဒေသ မင်းတပ်မြို့နယ်တွင် ကျောင်းနေရွယ်ကလေးများ ပညာရေး ထိခိုက်မှုမရှိစေရန်အတွက် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသူ၊ကျောင်းသားပေါင်း ၆၀၀၀ ကျော်ကို ပညာသင်ကြားပေးလျှက်ရှိသည်ဟု သိရသည်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာန ဦးဆောင်မှုဖြင့် မင်းတပ်မြို့နယ် ကျေးရွာပေါင်း ၁၃၆ ရွာမှ ကျောင်းသူ၊ကျောင်းသား ၆,၂၈၂ ဦးကို စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများက ကျောင်းစာများသင်ကြားပေးနေ ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲဲ့က ထုတ်ပြန်သည်။
မင်းတပ်မြို့နယ်တွင် ကလေးငယ်များ ကျောင်းစာသင်ကြားရေးလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ခဲ့ကြပြီး အစကနဦးပိုင်းတွင် ကျေးရွာပေါင်း ၈၀ ကျော်မှ ကလေးငယ် ၃,၃၄၃ ဦးကို ဆရာ၊ ဆရာမ ၂၀၀ ကျော်နှင့် သင်ကြားပေးခဲ့ကြသည်။
ယခုအခါ ကျေးရွာပေါင်း ၁၃၀ မှ ကျောင်းသားကျောင်းသူ ၆ ထောင်ကျော်ကို ဆရာ၊ ဆရာမ တစ်ထောင်ကျော်နှင့် သင်ကြားပေးနိုင်ခဲ့ပြီဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ယောမာန်က ပြောသည်။
“ကျေးရွာပေါင်း ၁၃၆ ရွာဝန်ကျင်လောက်ရှိပြီ ကျောင်းသာဦးရေကတော့ ၆၂၈၂ ယောက် ဆရာဦးရေကတော့ ၈၅၈ ယောက် အဲဒါကကျနော်တို့ လေ့ကျင့်ထားတဲ့ဆရာတွေနော်၊ တကယ့် သင်ကြားရေး ဝင်နေတဲ့ ဆရာတွေအကုန်လုံး ပေါင်းလိုက်ရင် တစ်ထာင်ကျော်လောက်ရှိမယ်။ တချို့ထိုးစစ်နဲ့ နီးတဲ့ နေရာ ၄၊ ၅ ရွာလောက်ပဲ မသင်တာပါ။ ဒါပေမယ့် အကုန်လုံးက ပြန်သင်လာကြပြီပေါ့၊ အကုန်လုံးနီးပါး သင်လာကြြ ပီလို့ပြောလို့ရတယ်။” ဟု ဆလိုင်းယောမာန်က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် မင်းတပ်မြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်ကာ ကျောင်းသုံးပစ္စည်းများကို ဖမ်းဆီးမှုများရှိနေ သည့်အတွက် သင်ကြားရေးပိုင်းတွင် အခက်အခဲကြုံရသည်ဟု ၎င်းကအခုလိုဆက်ပြောသည်။
“လောလောဆယ် ကျွန်တော်တို့ရဲ့ အခက်အခဲတွေကတော့ ကျောင်းသုံးစာအုပ်တွေပေါ့။ ဗလာစာ အုပ်၊ ပုံနှိပ်တွေ အလုံအလောက်မရနိုင်တာ၊ ခဲတံတွေကို စကစက တင်သွင်းခွင့်ကို ပိတ်နေတာပေါ့။ ရောင်စုံခဲတံ၊ ခဲဖျက်တွေ အဲ့တာမျိုးတွေက လိုအပ်တာပါ။ ဆရာ၊ဆရာ မတွေကတော့ ကြိုးစားပြီး သင် နေတယ်။ ရှိတဲ့ဟာတွေနဲ့ သင်နေေ သာ်လည်း ကျောင်းသားရှိရုံ၊ ဆရာရှိရုံနဲ့ မပြည့်စုံဘူးလေ။ လို အပ်တာတွေလည်း ရှိတာပေါ့။” မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ချင်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တက်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားများ အနည်းငယ်သာရှိခဲ့ကြသည်။