ချင်းပြည်နယ်မြောက်ပိုင်းဒေသမှာ ကုန်စျေးနှုန်း ၂ ဆလောက်မြင့်တက်လာ

ချင်းပြည်နယ်မြောက်ပိုင်းဒေသမှာ ကုန်စျေးနှုန်း ၂ ဆလောက်မြင့်တက်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်အကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန်သွားပြီး တီးတိန်၊ တွန်းဇံ စတဲ့မြို့တွေမှာ ကုန်စျေးနှုန်း ၂ ဆလောက်မြင့်တက်နေတယ်လို့သိရပါတယ်။

“ အခုရက်ပိုင်းမှာပဲ ဆားသုံးဆီ အရင်က ပုံးအဝါ တစ်ပုံးကို ၅ သောင်းကျော်ပဲရှိတာ။ ဒီနေ့မနက်ဆိုရင် ၁သိန်း လောက်ရှိ ပြီ။ ပစ္စည်းကလည်း ပြတ်နေပြီ။ စျေးကအဆမတန်တက်နေတာ။ ၂ဆလောက်တက်တယ်ဆိုတော့ သိပ်အဆင်မပြေဘူး။ အသကုန်ဝယ်ထားကြလို့ ဝယ်ဖို့က သိပ်မရှိတာ။ အဓိက သိုင်းငင်ဖက်မှာ တိုက်ပွဲဖြစ်ကြောင့်။ သွားလို့မရတာ ရက်သတ္တပတ် ကျော်ကြာပြီ။ အလုပ်လု ပ်ဖို့လည်းအဆင်မပြေဘူး၊ ခရီးလည်းသွားလို့မရဘူး” ဟု တီးတိန်ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ ကလေး-တီးတိန်ကားလမ်းမှာ ဇန်နဝါရီလ ၁၃ ရက်နေ့စပြီး ကလေးမြို့ကနေ တီးတိန်မြို့ဘက်သို့ ကုန်ပစ္စည်းဝင်ရောက်မှုမရှိတော့တာကြောင့် တီးတိန်မြို့မှာ ကုန်ပစ္စည်းတွေ အလုအယှက်ဝယ်ယူ နေမှုတို့ကြောင့် လောင်စာဆီတွေလည်း စျေးမြင့်တက်နေပြီး ကုန်ပစ္စည်းအများစုကတော့ ပြတ်လပ်တော့မယ့်အနေအ ထားရှိနေပြီလို့သိရပါတယ်။

အလားတူ တွန်းဇံမြို့နယ်မှာလည်း ကုန်ခြောက်ပစ္စည်းများ ဝယ်စရာကုန်နေပြီး အသားငါးဝယ်ယူစားသုံးရန်အတွက်ပါ ခက်ခဲနေတယ်လို့ တွန်းဇံမြို့က အိမ်ရှင်မတစ်ဦးကပြောပါတယ်။

“လမ်းကဘယ်အချိန်လောက်ဖွင့်မလဲဆိုတာ မသေချာတော့ ကုန်စျေးနှုန်းတွေအကုန်တက်သွားတာ။ အခုချိန်မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဝယ်လို့မရတော့ဘူး အသားတို့၊ ဘာတို့လည်း ဝယ်လို့မရဘူး။ ကျမတို့ မိသားစုတောင်မှ ဒီလိုသတင်းတွေသိပ်မကြားတော့ ဆန်က တအိတ်တောင်မှမရှိဘူး ဖြစ်နေ တာ မရတော့ဘူး။ တစ်လ၊ နှစ်လ ပိတ်ရင်တော့ တော်တော်လေးကို ခက်ခဲမှာပဲ” လို့ တွန်းဇံမြို့က အိမ်ရှင်မတစ်ဦးကပြောပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ People Defense Army (PDA) ကတော့ ယခုလက်ရှိလက်တိုက်ပွဲကြောင့် တီးတိန်မြို့နယ်မှာ ကုန်စျေးနှုန်းတွေကို စျေးတင်မရောင်းဖို့နဲ့ ပုံမှန်အတိုင်းသာဆက် လက် ရောင်းချဖို့ ထုတ်ပြန်ထား ပါတယ်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...