Published
Tuesday, January 18, 2022
Save Myanmar USA ဦးဆောင်ကျင်းပသည့် ရံပုံငွေပွဲတော် ကန်ဒေါ်လာ ၄၀၀၀၀ နီးပါးရရှိ
အဆိုပါ ရံပုံငွေရှာပွဲသို့ အမျိုးသား ညီညွတ်ရေး အစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်တို့ တက်ရောက် မိန့်ခွန်း ပြောကြားပြီး အမေရိကန်ရောက် မြန်မာနိုင်ငံသားများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်နေသည့် ဒေသခံ ကာကွယ်ရေးတပ် PDF များအား နွေဦးတော်လှန်ရေး အောင်နိုင်ရေး အတွက် ပံ့ပိုးကူညီရမည် ဖြစ်ကြောင်း နွေဦးတော်လှန်ရေး အစမှ အဆုံးအထိ အစွမ်းကုန် ကူညီမည် ဖြစ်ကြောင်း Save Myanmar-USA ဦးဆောင်သူများက ဆိုသည်။