ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအား ထုတ်မှုများကို လေးစားလိုက်နာရန် CRPH တိုက်တွန်း

ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအား ထုတ်မှုများကို လေးစားလိုက်နာရန် CRPH တိုက်တွန်း

မြန်မာပြည်သူများအပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့အာဏာ တည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအား ထုတ်မှုများကို လေးစားလိုက်နာရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ဇန်နဝါရီလ ၇ ရက်တွင် တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ အရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာပြည်သူလူထုက ဆန္ဒမဲပေး‌ရွေးချယ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တရားဝင် အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင်ရွက်ရန် ထပ်မံတိုက်တွန်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုက အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံးနေသည့် တရားဝင်အဖွဲ့အစည်းဖြစ်ခြင်းကြောင့် မြန်မာပြည်သူ တို့၏ ဆန္ဒသဘောနှင့်အညီ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်နေသော ပြဿနာများသည် အတ္တဆန်သော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကြောင့်သာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး မြန်မာပြည်သူများအပေါ်၌ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်း ဖက်မှုများပြုလုပ်နေသည့် စစ်ခေါင်းဆောင်များအား လူ့အသိုက်အဝိုင်းမှ ဖယ်ကျဉ်ထားရမည်ဖြစ် ပြီး ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ကြောင်းလည်း CRPH က ဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် ထိရောက်သည့် တွေ့ဆုံဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး အာဆီယံခေါင်းဆောင်များက သဘောတူညီထားသည့် ဘုံသဘော တူညီချက် (၅) ချက်အပေါ် လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူများက အလွန်ဒေါသထွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တည်ရှိပြီးသော ဆက်ဆံရေး ကောင်းများနှင့် တည်ဆောက်ထားခဲ့သည့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများကို ထိန်းသိမ်းသွားရန်လည်း တိုက်တွန်းထားပါသည်။

မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ခေါင်းဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ လည်ပတ်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် အာဆီယံအဖွဲ့၏ တိုးတက်မှုများအပေါ် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Most read this week

November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...