လက်နက် စက်ရုံသို့ လျှပ်စစ်မီး ပို့သည့် တာဝါတိုင်ကို ဖောက်ခွဲ

လက်နက် စက်ရုံသို့ လျှပ်စစ်မီး ပို့သည့် တာဝါတိုင်ကို ဖောက်ခွဲ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု စက်ရုံ အမှတ် ၁၄ သို့ သွယ်တန်းထား သည့် လျှပ်စစ်တာဝါတိုင်ကို  မင်းဘူး-စကု Minbu-Saku Township People Defence Force- M.S-PDF အဖွဲ့ က ဖောက်ခွဲလိုက်သည်ဟု ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်း အချိန်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖောက်ခွဲမှုနှင့် ပတ်သက်၍  စက်ရုံ တည်ဆောက်စဉ်က အလုပ်ကြမ်းအလုပ် ပါဝင်လုပ်ကိုင်ဖူးသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး က ”မင်းဘူးမြို့ ကုန်းသာရွာနားက တိုင်ကို ဖြိုတာ။ အဲတပ်က စက်ရုံ အကုန်လုံး မြေအောက်မှာ တောင်ကို ဖောက် ပြီး နေကြတာ” ဟု ပြောသည်။

ဗုံးဖောက်ခွဲခံရမှုကြောင့် လျှပ်စစ်တာဝါတိုင်တတိုင်လုံးပြိုလဲ မသွားသော်လည်း အောက်ခြေများ ပြတ်ထွက်ကုန် သည်ဟု ဒေသခံများက ပြောသည်။

ဖောက်ခွဲခံရသည့် လျှပ်စစ်ဓါတ်အားလိုင်းသည် စေတုတ္တရာမြို့အခြေစိုက် ကပစ ၂၀ တပ်နှင့် အထက်မင်းလှ အခြေစိုက် ကပစ ၂၊ ၁၀၊ ၁၃ စစ်လက်နက်ပစ္စည်းထုတ်သည့် တပ်များထံသို့ လျှပ်စစ်မီး ပို့လွှတ်ပေးနေသည်ဟု  တပ်တွင်းသတင်ရင်းမြစ်များမှသိရသည်။

အဆိုပါ စစ်လက်နက်ပစ္စည်းထုတ်သည့် စက်ရုံသည် တောင်တခုလုံးကိုဖောက်ကာ အဝင်လမ်း အထွက်လမ်း အားလုံးသည် နှစ်လမ်းသွားဖြစ်ပြီး လေသွင်းလေထုတ် အပေါက်က နတ်ရေကန်တောင်ထိပ်အနီးတွင် ကြီးမား သည့် လေဒလက်များဖြင့် လှိုင်ဂူအဝများလည်းရှိသည်ဟု အမ်းလမ်းပြုပြင်ရေး လုပ်သားဟောင်းတစ်ဦး က  ပြောသည်။

ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု စက်ရုံ (ကပစ-၁၄) သည် မကွေးတိုင်း၊ စေတုတ္တရာ၊ ငဖဲတွင် တည်ရှိပြီး မြေ အကျယ်အဝန်းမှာ ဧက (၁သောင်း) ကျော်ရှိ၍ စစ်သည်အင်အား ၄၀၀ ကျော်ရှိသည်။

အဆိုပါ စက်ရုံသည် ကပစ-၉ နှင့် ထုတ်လုပ်မှု ဆက်နွယ်မှုရှိပြီး လက်နက်ငယ်ကျည်ဆန်များ ထုတ်လုပ်ရန် ရည် ရွယ်ထားသည့် စက်ရုံဖြစ်သည်ဟု သိရသည်။

ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု စက်ရုံ (ကပစ-၁၄) သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်း မကွေးတိုင်း ငဖဲမြို့ နှင့် ပဒါန်းကျေးရွာကြီး အကြားတွင် တည်ရှိပြီး ၁၉၉၉ ခုနှစ် ဝန်းကျင်အချိန်ခန့်က တည်ဆောက်ထားသည့် စက်ရုံ တစ်ရုံ ဖြစ်သည်။

Most read this week

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...