မွန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်မျာ ပြန်လည်တွေ့ရှိ

မွန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်မျာ ပြန်လည်တွေ့ရှိ

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်း အချိန်ခန့်ကစတင်၍ ယခုတတိယအပတ်အထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ အသစ်များ ဆက်တိုက် ပြန်လည်တွေ့ရှိလာသည်ဟု မြို့နယ်ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ် အရေး အကူအညီပေးနေသူများ က ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကိုဗစ်-၁၉ လူနာအသစ် ၄ ဦး ထပ်တိုးလာပြီး နေ့စဉ် ပိုးတွေ့လူများရှိနေသည်ဟု သိရသည်။

"မြို့နယ်တချို့တွေမှာ ကိုဗစ် Positive လူနာအသစ်တွေ ပြန်တွေ့နေတာတွေရှိတယ်။ လူတွေကလည်း အခုဆို ရင် ပုံမှန်သွားလာနေတော့ ကူးစက်မှုက တစ်ခါပြန်များလာမှာကို စိုးရိမ်မိတယ်။ မပေါ့ဆကြဖို့ပေါ့နော်။ mask တပ်ပြီးမှ သွားလာကြပါ။ ကိုဗစ်စည်းကမ်းအတိုင်း နေထိုင်ကြဖို့လည်း ပြောချင်ပါတယ်" ဟု မြို့နယ်တာဝန်ကျ  ဆရာ ဝန်တစ်ဦး က ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းကျဆင်းလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းမှစကာ မြို့နယ်အချို့ တို့တွင် ကိုဗစ်-၁၉ ကူးစက် လူနာအသစ်များ ဆက်တိုက် ပြန်လည် တွေ့ရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာနေသည့်အတွက် မပေါ့ဆကြရန်နှင့် ကျန်းမာရေးအသိရှိကြရန် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က တိုက်တွန်းပြောဆိုနေကြသည်။

ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည် တွေ့ရှိနေခြင်းသည် ကိုဗစ်တတိယလှိုင်း လက်ကျန် များသာဖြစ်ပြီး ကိုဗစ်တကျော့ပြန်လာခြင်းမဟုတ်ဘူးလို့လည်း ကျန်းမာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက် သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ရာမှ ဩဂုတ်လလယ်ခန့်မှ စကာ ကိုဗစ်-၁၉ ကူးစက် သေဆုံးမှုနှုန်း သိသိသာသာ စတင်လျော့ကျလာခဲ့သည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ် အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် မွန်ပြည်နယ်ထဲတွင်  ရောဂါ ဖြစ်ပွားသူ ၁၆၄၈၅ ဦးရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၃၉၅ ဦးရှိခဲ့ပြီ ဖြစ်သည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...