ငရုတ်ကောင်းကမ်းခြေမြို့တွင် သေနတ်ကိုင်ငွေတောင်းနေသည့် ဗျူစောထီးခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

ငရုတ်ကောင်းကမ်းခြေမြို့တွင် သေနတ်ကိုင်ငွေတောင်းနေသည့် ဗျူစောထီးခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ငရုတ်ကောင်း ကမ်းခြေမြို့အနီးတွင် သေနတ်ပြ ငွေတောင်းနေသည့် စစ်တပ် သတင်းပေး ပျူစောထီးခေါင်းဆောင် တစ်ဦး ပစ်သတ်ခံရသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့၊ ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်အချန်က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းကမ်းခြေမြို့၊ သစ်ရောင်းကျေးရွာတွင် နေထိုင်သူ အသက် ၅၂ နှစ်ရှိ ပျူစောထီး ခေါင်းဆောင် အောင်မင်းထွန်းအား ၎င်း၏နေအိမ်တွင် ရှိနေစဉ် အမည်မသိ သေနတ် သမား များက ပစ်သတ်သွားသည်ဟု ဒေသခံများက ပြောသည်။

"သူက အရင်ကတည်းကိုက ရဲသတင်းပေးပါ။ အခုတော့ စစ်တပ်ကို သတင်းပေးလာတာပေါ့။ အခုတော့ ပျူ စောထီးခေါင်းဆောင်ဆိုပြီး သေနတ် တပြပြနဲ့ တွေ့ရာလူဆီမှာ ပိုက်ဆံလိုက်တောင်းတယ်" ဟု ဒေသခံ တစ် ယောက် က ပြောသည်။

သစ်ရောင်းကျေးရွာတွင် နေထိုင်သူ ဦးအောင်မင်းထွန်းသည် ငရုတ်ကောင်းကမ်းခြေမြို့ ဝန်းကျင်ရှိ ဒေသများ အတွင်း သစ်လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ငါးဖမ်းလှေ၊ စက်လှေပိုင်ရှင်များထံမှလည်း ခြိမ်းခြောက်ကာ ငွေတောင်းလေ့ရှိသည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

"လုပ်ငန်းလုပ်တာမှာ လူစိမ်းတွေ တွေ့ရတယ်။ မသင်္ကာဘူး။ ခေါ်စစ်ရမလား ဆိုပြီးခြိမ်းခြောက်တယ်။ ကျုပ်တို့ ကလည်း ခေါ်စစ်ခံရရင် အရိုက်ခံရမှာ အလုပ်ပျက်မှာစိုးရိမ်လို့ ဆက်ကြေးပေးသလိုမျိုး ပေးနေရတာ" ဟု ငါးဖမ်းစက်လှေ ပဲ့နင်းသမားတစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်များအား လမ်းပြသတင်း ပေးသဖြင့် ဒေသအတွင်းမှ စစ်ကောင်စီ ဆန့်ကျင်သူများ ဖမ်းဆီးခံ ရခြင်း၊ ဒေသခံများအား သေနတ်ပြ၍ ခြိမ်းခြောက် ငွေတောင်းခြင်းတို့ကြောင့် ဦးအောင်မင်းထွန်း ကို သုတ် သင် လိုက်ကြောင်း ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ဒေသခံပြောက်ကျား တပ်ဖွဲ့များဖြစ်သည့် ငပုတောမြို့ပြ ပျောက်ကြားတပ်ဖွဲ့ NSTF နှင့် ညီနောင် မဟာမိတ် အဖွဲ့ များဖြစ်သည့် YGA/ Area 14 အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...