တောင်ကြီးမြို့ နိုင်ငံရေးသမားနှင့် နိုင်ကျဥ်းဟောင်းများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီချမှတ်

တောင်ကြီးမြို့ နိုင်ငံရေးသမားနှင့် နိုင်ကျဥ်းဟောင်းများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီချမှတ်

တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံးအကျဥ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးပါတီဝင်များနှင့် နိုင်ငံရေး အကျဥ်းသားဟောင်း ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းသိရသည်။

 

ဒီဇင်ဘာလ ၁၆ ရက်နေ့က ဦးဖြူ (NLD ရပ်ကျေး ဥက္ကဌ)၊ ကိုမြင့်ဌေး (နိုင်/ကျဉ်း)၊ ကိုဝင်းကို (ပြည်သူ့ပါတီ)၊ ကိုညီညီရွှေ (NLD ခရိုင်အတွင်းရေးမှူး) တို့ကို ထောင်တွင်းတရားရုံး၌ပင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ကြောင်း ရှေ့နေတစ်ဦးက ပြောသည်။

“ဒီနေ့ နေ့လည်ပိုင်းမှာပဲ အမိန့်ချလိုက်တာပါ၊ သူတို့လေးယောက်မှာ နှစ်ယောက်က ဘေး/စီ ပုဒ်မနဲ့၊ နောက်နှစ်ယောက်ကတော့ ၅၀၅ (က)နဲ့ အမိန့်ချထားတာ” ဟု ၎င်း ရှေ့နေက ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော် ကို ဖေဖော်ဝါရီလ ၉ ရက်တွင်လည်းကောင်း၊ ပြည်သူ့ပါတီမှ ဦးဝင်းကို ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင်လည်းကောင်း၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်း နှင့် NLD ပါတီ၏ တောင်ကြီးခရိုင် အတွင်းရေးမှူးဖြစ်ခဲ့သူ ဦးညီညီရွှေ ကို ဖေဖော်ဝါရီလ ၂၀ ရက်တွင်လည်းကောင်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖမ်းဆီးထိန်းသိမ်းခံပြီး ၁၀ လခန့်အကြာတွင် စစ်ကောင်စီတရားရုံးမှ ယခုကဲ့သို့ အမိန့်ချခဲ့ကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် တောင်ကြီးမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထောင်တွင်းမှ အမှုရင်ဆိုင်နေကြရသူများကို ယခုရက်ပိုင်းအတွင်း ထောင်တွင်းတရားရုံးက အမိန့် ချမှတ်မည် ဟုလည်း သတင်းသိရသည်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...