လေးကေ့ကော် တိုက်ပွဲ စစ်ကောင်စီ၏ ကျူးကျော်မှုကြောင့်ဟု ဆို

လေးကေ့ကော် တိုက်ပွဲ စစ်ကောင်စီ၏ ကျူးကျော်မှုကြောင့်ဟု ဆို

လေးကေကော်မြို့သစ်အနီး နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲသည် စစ်ကောင်စီဘက်က ကျူးကျော်ဝင်ရောက်လာသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

KNU နိုင်ငံခြားဌာနတာဝန်ခံ ပဒိုစောတောနီး က “ဒါက ကျူးကျော်လာလို့ ဒီလိုဖြစ်တာပဲဗျား။ သူ့ဟာသူနေရင် ဘာဖြစ်မလဲဗျား။ ကျနော်တို့က ပြည်သူ တွေနဲ့ တောက်လျှောက်ပဲ ရပ်တည်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ်ခုခံ ကာကွယ်ပိုင်ခွင့်ဆိုတာ အပြည့်အ၀ ရှိထား ပြီးသား ကျနော်တို့ကို ယုံကြည်တယ်။ ကျနော်တို့တပ်တွေလည်း ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ သူ အပြည့်အ၀ လုပ်သွားမှာပဲလေ။ လူထုက ဘာမှသံသယရှိစရာမလိုဘူး။”  ဟု ပြောသည်။

“ဒီအချိန် ဒီကာလမှာကတော့ ကြုံရဆုံရ မယ့်ဟာကတော့ ကိုယ်ကတော့ တော်လှန်ရေးသမားပီပီ ကျနော်တို့ လူထုတွေလည်း အကုန်လုံး တော်လှန်နေ ကြတဲ့ အချိန်မှာတော့ ဒါတက်ညီလက်ညီနဲ့ လုပ်ဖို့ပဲရှိတော့တယ်” ဟု ပဒိုစောတောနီးက ဆက်ပြောသည်။

ဒီကနေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ် အနီးရှိ KNLA ၏ ပဟီကလော့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် စီးနင်း ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ဟု ဒေသခံ တစ်ဦးက ပြောသည်။

“မနက် ၇ နာရီ ၈ နာရီလောက်ကတည်းက စတာနော်။ တနေကုန်ပဲ။ ဒါပေမယ့် နားလိုက်ပစ်လိုက်ပေါ့။ သူတို့ က လက်နက်ကြီး အားကိုးနဲ့ ပစ်တာပါ။ ဒီအတိုင်းကတော့ သူတို့တိုးလို့ မရပါဘူး။ မယ်ထော်သလေး ပဟီက လော့။ ပဟီကလော့လို့ခေါ်တယ်။ ပဟီကလော့မှာ KNLA ရဲ့ စခန်း ဂိတ်လေးရှိတာပေါ့။ အဲဒါကို သူတို့ ဝင်စီး တာ ပထမဝင်စီးတယ်။ ဝင်စီးပြီးတော့ သူတို့ ပြန်ဆုတ်တယ်။ သူတို့ လက်နက်ကြီးနဲ့ နှစ်ဖက် ညှပ်ပစ်တယ်။ ညှပ်ပစ်တယ် ပစ်လို့ မရဘူး။ သူတို့နားတယ်။” ဟု ဒေသခံတစ်ဦး က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသည့်အတွက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပဟီကလော့ ကျေးရွာရှိ ဒေသခံ အားလုံး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။ ပဟီကလော့ကျေးရွာမှာ လေးကေ့ကော်မြို့သစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးသော်လည်း ဒီဇင်ဘာ လ ၁၅ ရက်နေ့ က စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသည့် အခြေအနေနှင့်ပတ်သက်၍ အဆိုပါ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံက ယခုကဲ့သို့ ပြောသည်။

“ထိခိုက်ဒဏ်ရာရတာကတော့ တော်တော်များတယ်။ စာရင်းအတိအကျမရဘူး။ တချို့ အလောင်းတောင် မနက် ခင်း ၈ နာရီအထိ သူတို့ လာမကောက်သေးတာရှိတယ်။ သူတို့ ပြန်ထမ်းသွားတာ ရှိတယ်ပေါ့။ ဒါအကုန်လုံး အတိအကျတော့ ရနိုင်မှာ မဟုတ်ဘူး ကျနော်ထင်တယ်။ အတည်ပြုတာကတော့ ၁၈ ယောက်ပဲ။ ဒဏ်ရာရ တာ တော့ များမယ်။ အရှင်ဖမ်းတာကတော့ ၁၃ ယောက်ရှိမယ်” ဟု ပြောသည်။

လေးကေ့ကော် တိုက်ပွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် PDF များလည်း ပါဝင်တိုက်ခိုက်နေသည် ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က လေးကေ့ကော်မြို့သစ်ထဲသို့ ဝင်ရောက် စစ်ဆေး မှုများ လုပ်ဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လူဦးရေ ၁၃ ယောက်နှင့် အထက်ကို ဖမ်းဆီး ခေါ်ဆောင် သွားသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်များက လေးကေ့ကော်မြို့ သစ်ထဲသို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ ကို ဝင်ရောက်ရှာဖွေသည်ဟု ဆိုကာ ထပ်မံဝင် ရောက်လာရာ မှ လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆို သည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက် မှတ်ရေး ထိုးထားသော်လည်း စစ်တပ်က ဖွံ့ဖြိုးရေးကို အကြောင်းပြကာ လမ်းဖောက်လုပ်နေသည့် အတွက် စစ်ရေးတင်းမာမှု ရှိနေခဲ့သည့်အဖွဲ့ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က မတရား အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ပြည် သူလူထုနှင့်အတူ ရပ်တည်သည်ဟုဆိုကာ ၎င်းတို့ ဒေသတွင် လာရောက်ခိုလှုံသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များကို လက်ခံခဲ့သည့် နောက်ပိုင်းတွင် စစ်ရေးပိုမို တင်းမာလာခဲ့သည်သာမက တိုက်ပွဲများလည်း KNLA ၏ တပ် မဟာတိုင်းလိုလိုတွင် ဖြစ်ပွားလာခဲ့သည်။

ဓါတ်ပုံ - Phan Foundation

Most read this week

November 22, 2024
ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA...
November 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား...
November 21, 2024
မူဆယ်မြို့မှ နမ့်ခမ်းမြို့သို့ ကုန်ပစ္စည်းသယ်ယူမှုများကို စစ်ကောင်စီက ပိတ်ထားသည်ဟု မူဆယ်ဒေသခံက...
November 21, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေး၊ ရေဘေးနှင့်...