မွန်ပြည်နယ်တွင် ယခုနှစ်နေလှန်းဆားတန်ချိန် ၄ သိန်းကျော် ထုတ်လုပ်ရန်လျာထား

မွန်ပြည်နယ်တွင် ယခုနှစ်နေလှန်းဆားတန်ချိန် ၄ သိန်းကျော် ထုတ်လုပ်ရန်လျာထား

မွန်ပြည်နယ်တွင် ယခုနှစ် ၂၀၂၁-၂၀၂၂ ဆားထုတ်လုပ်မှုရာသီအတွင်း နေလှန်းဆားကြမ်းတန်ချိန် ၄ သိန်းကျော် ထုတ်လုပ်ရန် လျာထားကြောင်း ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"မွန်ပြည်နယ်နေလှန်းဆားက ၂၀၂၁-၂၂ ခုနှစ် ဆားရာသီအတွက် လိုင်စင်တင်ထားတဲ့ ဧက ၄၂၄၁ ဒဿမ ၉၀ ရှိတယ်။ ထုတ်လုပ်မယ့် ဆားက တန်ချိန် ၄၂၅၀ ထုတ်ဖို့ လျာထားတယ်"ဟု ပြည်နယ်ဆားလုပ်ငန်းဦးစီးဌားနက တာဝန်ရှိသူက ပြောသည်။

လိုင်စင်တင်သည့် ဆားထုတ်လုပ်သည့် လုပ်ငန်းရှင်သည် သံဖြူဇရပ်မြို့နယ် ၇၃ ဦး၊ ပေါင်မြို့နယ် တစ်ဦး၊ ရေးမြိုနယ်မှ ၁၃ ဦး စုစုပေါင်း ၈၇ ဦး ရှိကြောင်း ၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာ လကုန်ထိ မိုးရွာခဲ့သောကြောင့် ဆားထွက်ချိန်သည် ဒီဇင်ဘာလကုန်လောက်ထိ အနည်းငယ် နောက်ကျနိုင်ကြောင်း ဆားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

"ထွက်တာကတော့ အရင်နှစ်တွေနဲ့ အတူတူလောက်ပဲ ဆားထွက်တာတော့။ အခုချိန်မှာတော့ ဆားသစ်ထွက်တဲ့ကွင်းတွေ တစ်ချို့ကတော့ ကျုံးပြီးကုန်ပြီ။ တစ်ချို့ကွင်းတွေတော့ နည်းနည်းနောက်ကျတာပေါ့"ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်ထွက် ဆားများကို တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း နှင့် မန္တလေးတိုင်းဒေသကြီးထိ တင်ပို့ရောင်းချနေကြောင်း ဆက်ပြောသည်။

ယခင်နှစ်တွင် မွန်ပြည်နယ်အတွင်း လိုင်စင်တင် ဆားဧက ၄၂၁၄ ဒဿမ ၇၄ဧက ရှိပြီး ဆားတန်ချိန် လေးသိန်းနီးပါး ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဆားကွင်းဧကသည် သံဖြူဇရပ်မြို့နယ်တွင် အများဆုံးဖြစ်ပြီး ရေးမြိုနယ်သည် ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။

Most read this week

November 1, 2024
ယခုနှစ် မွန်ပြည်နယ်စျေးကွက်အတွင်း မိုးစပါးများ ယခင်နှစ်ထက် စျေးနှုန်းကျဆင်းနေသည်ဟု ဒေသတွင်း...
October 31, 2024
မွန်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက် အလုပ်လုပ်ကိုင်နေသည့် ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု...
October 30, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဝဲပတန်နှင့် အလှပ်ကျေးရွာတို့မှ ရေလုပ်သားများ ၅၀ ကျော်...
October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...