တားမြစ်ခံရသည့် ကျောက်တော်ဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ

တားမြစ်ခံရသည့် ကျောက်တော်ဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် တားမြစ်ခံခဲ့ရမှုကြောင့် ပွဲပျက်သွားခဲ့သည့် ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၃ ရက် ည ၇ နာရီတွင် ကျောက်တော်မြို့ ရှမ်းရွာ စစ်မှုထမ်းဟောင်းရပ်ကွက်ရှိ ဇာတ်ပွဲကွင်း၌ အခက်ခဲမရှိ ပြေပြေလည်လည်ကျင်းပခဲ့ပြီဟု ကျောက်တော်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကိုအောင်ဟိန်းလင်းက နိရဥ္စရာကိုပြောသည်။

"အနှောင့်အယှက်တွေတော့ မရှိပါဘူး။ ပြေပြေလည်လည်ပါပဲ။ ဒီလိုလုပ်ခွင့်ရတော့ စိတ်ချမ်းသာတာပေါ့"ဟု ပြောသည်။

ယခုပွဲကျင်းပရာတွင် လုံခြုံရေးများ တင်းကျပ်ထားခြင်းလည်း မရှိဟု ဆိုသည်။

အဆိုပါဂီတဖျော်ဖြေပွဲသည် ကျောက်တော်လူငယ်များအစည်းအရုံး၏ (၁)နှစ်ပြည့် နှစ်ပတ်လည်အဖြစ် အသင်းရန်ပုံငွေအတွက် ပြုလုပ်သောပွဲဖြစ်သည်။

ယင်းပွဲကို ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ မြို့မအားကစားကွင်းတွင် ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီက ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်ကြောင့်လူစုလူဝေးမလုပ်ရဟုဆိုကာ အာဏာပိုင်များ၏တားမြစ်မှုကိုခံခဲ့ရသည့်အတွက် ယင်းနေ့တွင် ပွဲကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

ပွဲကျင်းပမည့်လူငယ်များအနေဖြင့် ပွဲကျင်းပရန် ပါမစ်လျှောက်သောအခါ စိတ်လောခြင်းများကြောင့် မငြိမ်မသက်ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသန်းက ပြောသည်။

"သူတို့ကိုနေရာပြောင်းပြီး ချခွင့်ပြုခဲ့တယ်။ ပြည်နယ်ကတော့ ကိုဗစ်ကြောင့် လူစုလူဝေးဖြစ်မှာစိုးလို့ မြို့ထဲမှာ ချခွင့်မပေးတာပါ။ ခုတော့ အေးဆေးပါပဲ"ဟုပြောသည်။

ယန့ပြန်လည်ကျင်းပနေသည့် ဂီတဖျော်ဖြေပွဲတွင် ရခိုင်အဆိုတော်များဖြစ်ကြသည့် ညီမင်းခိုင်၊ သားငယ်၊ မင်းမင်းချေ၊ ဝင်းကိုခိုင်၊ ရဲလင်းအောင်၊ ခိုင်လင်း၊ L ကိုလင်း၊ ရီလှိုင်းပြာ၊ မိချော၊ ဒိုးကလေးနှင့် ဂျူးထက်ထက်အောင်တို့က သီဆိုဖျော်ဖြေနေကြသည်။

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...