ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ဖြစ်သည့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းတွင် ဒေသခံ PDF၊ KNU ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၃ ဦး ကျဆုံးခဲ့သည်။

KNU တပ်မဟာ ၄ ထိန်းချုပ်သည့် နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျော်ဝင်ရောက်လာသည့်အတွက်  ဒူးရင်းပင်ရှောင် ကျေးရွာအနီးတွင် ဒေသခံ PDF၊ KNU ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု KNU တာဝန်ရှိသူက ပြောသည်။

“သူတို့ဘက်က အကြောင်းမကြားဘဲ စစ်ကြောင်းထိုး ဝင်လာပြီး ဗုံးသီးလောင်ချာတွေနဲ့ စပစ်တယ်။ ဒီဘက် က RPG နဲ့ ပြန်ခုခံပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်တာပါ" ဟု KNU တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်မှ ၉နာရီခွဲ အချိန်ထိ တစ်ကြိမ်၊ နံနက် ၉ နာရီ၊ မိနစ် ၅၀ အချိန်မှ ၁၂ နာရီ ၁၅ မိနစ် အချိန်ထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် တိုက်ပွဲအတွင်း စစ်ကောင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး လက်မောင်း ကျည် ရှပ်မှန်(မစိုးရိမ်ရ)သည့် ဒဏ်ရာ ရရှိခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ဖြင့် ဂျက်ဂါးကျေးရွာမှ မြို့ဟောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုး လာခဲ့ပြီးနောက် KNU တပ်မဟာ ၄ တပ်ခွဲ ၇ ထိန်းချုပ်နယ်မြေ နယ်မြေဖြစ်သည့် ဒူးရင်းပင်ရှောင်ကျေးရွာသို့ စစ်ကြောင်းရောက်လာခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု PRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲကို ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ PRDF၊ ဒေသခံ PDF တို့ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြသည်ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ဟောင်းကျေးရွာ ဒေသခံရွာသား အယောက် ၃၀ နှင့် ဒူးရင်းပင်ရှောင် ကျေးရွာသား ၂ ယောက် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ဒူးရင်းပင်ရှောင်းသားများက ပြောသည်။

လက်ရှိတွင် ဒူးရင်းပင်ရှောင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး ရိက္ခာနှင့် လူအင်အားဖြည့် တင်းမှုများရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့တုန်းကလည်း အဆိုပါ ဒူးရင်းပင်ရှောင် ကျေးရွားအနီးတွင် ဒေသခံ PDF၊ KNU ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...