မင်းတပ်မြို့နယ်အတွက် သယ်ဆောင်လာသော ကျောင်းသုံးပစ္စည်းများကို စစ်ကောင်စီက ဖမ်းသိမ်း၍ဖျက်ဆီး

မင်းတပ်မြို့နယ်အတွက် သယ်ဆောင်လာသော ကျောင်းသုံးပစ္စည်းများကို စစ်ကောင်စီက ဖမ်းသိမ်း၍ဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်သော စာသင်ကျောင်းများတွင် အသုံးပြုရန်အတွက် သယ်ဆောင်လာသည့် ကျောင်းသုံးပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းယူသိမ်းဆည်း၍ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာတစ်ရာကျော်တွင်ရှိသော ကလေးငယ်များ စာသင်ကြားနိုင်ရန် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ ကျောင်းသုံးပစ္စည်းများကို ဖမ်းဆီးနေမှု၊ ဖျက်ဆီးနေမှု ပြုလုပ်ခြင်းနှင့်ပတ်သက်၍ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆခွင့်ရှိသူ ဆလိုင်းယောမာန်က ယခုလိုပြောသည်။

“အင်တာနက်တွေ အဆက်အသွယ်တွေ ဖြတ်ထားတော့ တနယ်လုံးမှာ ဆရာ/မတွေကို ပြန်စုစည်းဖို့ ခက်ခဲတာပေါ့။ နောက်ပြီး ဗလာစာအုပ်တွေ၊ ဘောပင်တွေ၊ ခဲတံတွေ လိုတာပေါ့။ အဲ့တာကို မှာတဲ့အချိန်ကြတော့ တောင်ပေါ်မှာ စာပြန်သင်နေတယ်ဆိုတာ စကစတွေသိတော့တာပဲ၊ ခဲတံတွေပါ အကုန်လုံး လိုက်လံပိတ်ပင်တယ်။ သယ်တာကို ဖမ်းဆီးတာ ဖျက်ဆီးတာလုပ်တယ်။ အဲ့တာမျိုးကအစလုပ်တော့ ကျွန်တော်တို့ဖက်က ခက်ခဲတာပေါ့။ ပြီးတော့ Material ဝယ်ဖို့ ပို့စ်တင်ပြီးမှ အလှုငွေကောက်ခံလို့မရတဲ့ အခြေအနေမျိုးတွေရှိတယ်။” ဟု ပြောသည်။

မင်းတပ်မြို့နယ်တွင် ကလေးငယ်များ ကျောင်းစာသင်ကြားရေးလုပ်ငန်းကို အစပြုခြင်းမှာ သုံးလကျော်ရှိနေပြီဟုသိရပြီး ကျေးရွာပေါင်း ၁၂၀ က မှုလတန်းကလေးငယ် နှစ်ထောင်ကျော်ကို Volunteer ဆရာ/ဆရာမ ၂၀၀ ကျော်က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရှိုးစာပေများကို အဓိကသင်ကြားပေးနေခြင်းဖြစ်သည်။

မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနမှ စစ်ဘေးရှောင်ကလေးငယ်များ စာသင်ကြားခွင့်ရရှိခြင်းမှာ ကြားကာလအချိန်တွင်လည်း ကလေးငယ်များ ပညာရေးမဝေးကွာစေရန်နှင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးမှုဖြစ်စေကြောင်းကိုလည်း ၎င်းက အခုလို ဆက်ပြောသည်။

“ကျွန်တော်တို့အနေနဲ့ တကယ့် စနစ်ပြည့်ရဲ့ Home School System/ Coverage အရရော အများကြီးမသွားနိုင်ဘူး၊ ကြားကာလမှာ ပညာရေး အသက်ဆက်တဲ့သဘောပဲ။ ကလေးတွေ ဘာမှမလုပ်ပဲ အိမ်မှာပဲရှိနေမယ်။ ဒီလိုမျိုး စစ်ဘေးရှောင်အဖြစ် အနာဂတ်မရှိတဲ့ပုံစံ ဖြစ်နေမဲ့အစားပေါ့နော် သူတို့အနေနဲ့ ပညာသင်ယူရတယ်၊ စစ်ဘေးရှောင်ဆိုတဲ့ဘဝကို မေ့ထားတယ်။ ကျောင်းမှာ အချင်းချင်း ရင်းရင်းနှီးနှီိး၊ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတဲ့ပုံစံလေးကို ဦးစားပေးတာပေါ့။” ဟု ပြောသည်။

အဆိုပါ ကလေးငယ်များကို ပညာသင်ကြားနိုင်ရန်တွက် ကျေးရွာအတွင်းမှ ဘုန်းကြီးကျောင်း၊ အစည်းဝေးခန်းမ၊ ဘုရားကျောင်းနှင့် အစိုးရစာသင်ကျောင်းများကို အများဆုံးပြန်လည်အသုံးပြုပြီး မိမိ ဆရာ/ဆရာမများနှင့် သင်ကြားမှုစနစ်အသစ်ဖြင့် ပြန်လည်သင်ကြားလည်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ရေးကြေညာထားသည့် မင်းတပ်မြို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး CDF- Midat နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်နေရသည့် လူဦးရေ နှစ်သောင်းဝန်းကျင်ရှိသည်ဟု သိရသည်။

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...