ရှမ်း EAOs များ NUG နှင့် ဘာကြောင့်မပူးပေါင်းကြသနည်း ?

ရှမ်း EAOs များ NUG နှင့် ဘာကြောင့်မပူးပေါင်းကြသနည်း ?

ရှမ်းပြည်နယ်တွင်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့သည် မြန်မာနိုင်ငံတွင် အင်အားအတောင့်တင်းဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြပြီး နွေဦးတော်လှန်ရေးအတွက် အင်အားစုများဖြစ်လာရန် အလားအလာအကောင်းဆုံးလည်း ဖြစ်ကြောင်း ပြည်ပမီဒီယာတစ်ရပ်က သုံးသပ်ရေးသားထားသည်။

မြန်မာနိုင်ငံတွင် မြေဧရိယာအကျယ်ဆုံးဖြစ်သော ရှမ်းပြည်နယ်သည် ကြီးမားကျယ်ပြန့်သောတောင်တန်းများ ၊ ထုံး ကျောက်လိုဏ်ဂူများနှင့်အတူ ကာလရှည်ကြာခဲ့ပြီဖြစ်သော လူမျိုးရေးကွဲပြားမှုများနှင့် နယ်မြေအငြင်းပွားမှုများကို လည်း ဆက်ပြီးထိန်းသိမ်းထားစဲဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်ဖြစ်စဉ်အပြီး ကြိုးစားမှုများ အရှိန်မြှင့်တက်လျက်ရှိနေသည်။

မြန်မာနိုင်ငံတွင်း အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်သော ရှမ်းပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) တချို့၏ ဆန့်ကျင်ရေးလှုပ်ရှားမှု အတွက် တပ်ပေါင်းစုများဖြစ်လာခဲ့သည်။

 မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၏ ထက် ဝက်ကျော်ကျော်မှာ ရှမ်းပြည်နယ်တွင်းကဖြစ်သည်။ ထို့ကြောင့်လည်း NUG ဦးဆောင်သော စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် လိုအပ်သောအင်အားကိုဖြည့်ဆည်းပေးနိုင်သည့် ရှမ်းပြည်နယ်တွင်းမှ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ထောက်ခံမှုကို မရှိမဖြစ်လိုအပ်ပါသည်။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်တွင် အရပ်သားအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။ သို့သော် ယခုအချိန်အထိ NUG တွင်တာဝန်ထမ်းဆောင် နေသော ရှမ်းပြည်နယ်တွင်းမှတိုင်းရင်းသားဟူ၍ တဦးသာရှိနေသေးသည်။

ရှမ်းပြည်နယ်အတွက် ဩဇာကြီးမားသော စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းအများစုသည် အရပ်ဘက်အုပ်ချုပ်ရေးကို အယုံအကြည်ကင်းမဲ့နေစဲဖြစ်ပြီး ၎င်းတို့အဆိုပြု ထားသော ဖက်ဒရယ်တပ်မတော်နှင့် ပူးပေါင်းလိုသောဆန္ဒ မရှိသေးပါ။

သျှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခမ်းဆမ်က “ စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဖို့အတွက်သာ သူတို့က ကျနော်တို့ကို အသုံးချချင်တာ ၊ ဖက်ဒရယ်အတွက် ဘာမှအာမခံတာမျိုးမရှိသေးဘူး။ ကျနော်တို့ စိုးရိမ်တာကလည်း အဲဒါပဲ ” ဟုပြောသည်။

သျှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) သည် ရှမ်းပြည်နယ်၏ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင်ပါဝင်ပြီး NUG နှင့် မပူးပေါင်းသော အဖွဲ့ဖြစ် သည်။

ရှမ်းပြည်အခြေစိုက် EAOs များ နှင့် နိုင်ငံရေးပါတီများအကြား ပါဝင်ပတ်သက်မှုမရှိခြင်းသည် ဖယ်ထုတ်ခံရခြင်းကြောင့် မဟုတ်ပါ။ NUG စတင်ဖွဲ့စည်းကတည်းက ရှမ်းပြည်အခြေစိုက် EAOs များကိုချဥ်းကပ်ခဲ့သည်ဟူသော သတင်းများထွက် ခဲ့ဖူးသည်။

သို့သော် အရပ်သားအစိုးရသစ်က ၎င်းတို့၏ရည်ရွယ်ချက်များအား EAOs များထံမျှဝေနေချိန်မှာပဲ ပါဝင်ရန်တွန့်ဆုတ်နေကြခြင်း ဖြစ်သည်။ တအာင်းလူမျိုးများအားကိုယ်စားပြုသော တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံသို့လည်း NUG ဖွဲ့စည်းပြီးသိပ်မကြာခင်မှာပဲ NUG နှင့်ပူးပေါင်းရန် ၊ ဖက် ဒရယ်တပ်မတော်တွင်ပူးပေါင်းရန် NUG က မေတ္တာရပ်ခံစာများပေးပို့ခဲ့သေးသည်။

သို့သော်လည်း အရပ်သားခေါင်း ဆောင်ပိုင်းများနှင့် တိုက်ရိုက်အဆက်အသွယ်မရသေးသလို ဘာဖြစ်လာမလဲဆိုသည်ကို ဆက်လက်စောင့်ကြည့်လို သေးသည့်အတွက် တရားဝင်ထုတ်ပြန်ချက်တစုံတရာ ထုတ်ပြန်ခဲ့ခြင်းမရှိ ဟု TNLA ၏ အထွေထွေအတွင်းရေးမှူးချုပ် တားမိုင်းကျော် ကပြောသည်။

“ လက်ရှိအချိန်ထိတော့ စာရွက်ပေါ်မှာရေးထားတဲ့ NUG ရဲ့မူဝါဒတွေက တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် ကြေညာထားတဲ့ကတိတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အာမခံနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ် ”

ဤသို့သောမှတ်ချက်မျိုး SSA-S ကလည်းပေးခဲ့သည်။

“ ဖက်ဒရယ်စနစ်ရဲ့ သဘောတရားမှာ အဖွဲ့ဝင်နိုင်ငံအားလုံးက ဖက်ဒ ရယ်ပြည်နယ််ရဲ့ ပိုင်ရှင်တွေဖြစ်တယ်။ ဒါကြောင့်လည်း NUG နဲ့ ပူးပေါင်းနေစရာမလိုဘူး။ သူတို့အောက်မှာရှိနေ စရာ မလိုဘူး ” ဟု ပြောရေးဆိုခွင့်ရှိသူကပြောသည်။

“ တိုင်းရင်းသားတွေအနေနဲ့ အတိတ်ကနေသင်ခန်းစာတွေရခဲ့ တယ်။ စစ်အာဏာရှင်ဆန့်ကျင်ဖို့အတွက်သာ ကျနော်တို့ကိုအသုံးချမှာဖြစ်ပေမယ့် ဖက်ဒရယ်တော့ပေးမှာမဟုတ်ဘူး ”

TNLA နှင့် SSA-S တို့တွင် တပ်သားပေါင်း ၂ သောင်းနီးပါးရှိနေပြီး အနာဂတ်ဖက်ဒရယ်တပ်မတော်အတွက် အရေးပါ သောပိုင်ဆိုင်မှုများ ဖြစ်လာလိမ့်မည်။

သို့သော် ၎င်းတို့၏ အခွင့်အရေးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အတွက် ဆယ်စု နှစ်များစွာတိုက်ပွဲများဝင်ခဲ့ပြီးနောက် အုပ်စု ၂ ခုကြား သံသယများကရှိနေကြစဲဖြစ်သည်။

“၂၀၁၅ မှာ NLD ကို ကမ်းလှမ်းခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒါနောက်ပိုင်း ကျနော်တို့ နိုင်ငံရေးအကြောင်းပြောဖို့ သူတို့က နေရာမပေးခဲ့ဘူး။ ပြဿနာတွေ ကို ဖြေရှင်းဖို့အတွက် အခွင့်အရေးမရခဲ့ဘူး။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့က NUG ကိုလည်း စောင့်ကြည့်ရလိမ့်မယ် ” ဟု မိုင်းဝင်းထူးက ပြောသည်။

မိုင်းဝင်းထူးသည် ရှမ်းပြည်ညီညွတ်ရေးအစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စု ဒုတိယ ဝန်ကြီးအဖြစ်ဆောင်ရွက်နေသော တဦးတည်းသောကိုယ်စားလှယ်ဖြစ်ပြီး တအာင်းလူမျိုးစုဝင်တဦးဖြစ်သည်။ မြန်မာ့ နိုင်ငံရေးပြောင်းလဲမှုမှန်သမျှ အတွင်းကနေစရမည်ဟု သူကယုံကြည်ထားသည်။

“ ကျနော်က မြန်မာနိုင်ငံသား တိုင်းရင်းသားစစ်စစ်တယောက်ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေပြောင်းလဲဖို့ နဲ့ စစ်အာဏာ သိမ်းမှုကိုဖယ်ရှားဖို့ ကျနော်တို့မှာတာဝန်ရှိပါတယ် ” ဟု ပြောသည်။ တဆက်တည်းမှာပင် မိုင်းဝင်းထူးက “မြန်မာနိုင်ငံအခြေအနေပြောင်းလဲဖို့ NUG နဲ့ပူးပေါင်းဖို့လိုပါတယ်။ တချိန်တည်းမှာပဲ NUG က ဖက်ဒရယ်ဒီမိုကရေစီနိုင် ငံတည်ဆောက်ဖို့အတွက် NUG ရဲ့ကတိ တည်ရပါမယ် ” ဟုပြောသည်။

TNLA နှင့် တအာင်းအမျိုးသားပါတီတို့အကြား ဆက်နွယ်မှုမရှိသော်လည်း အစိုးရသစ်တွင် မိုင်းဝင်းထူး၏ကိုယ်စားပြုမှုကြောင့် လူမျိုးစုကိုယ်စားပြုမှုကို TNLA က အနီး ကပ်လိုက်နေပြီး မိုင်းဝင်းထူး၏ပါဝင်ပတ်သက်မှု နှင့် မတူကွဲပြားသောကတိကဝတ်များမှထွက်ပေါ်လာမည့်အရာများကို စောင့်ကြည်လျက်ရှိနေပါသည်။

“ မိုင်းဝင်းထူးက TNLA အတွက် NUG နဲ့ ဘယ်လိုပူးပေါင်းမလဲ ၊ လူထုဆန္ဒကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ စောင့်ကြည့်ရမယ် ” ဟု မိုင်းကျော်က ပြောသည်။

“ ဝ ” ပြည်နယ်ကတော့ ယဥ်ကျေးမှုအရကော နယ်မြေပိုင်းခြားမှုအရပါ သီးသန့်ဆန်သည်။ “ ဝ ” အတွက်ကတော့ တခြားသူများ၏နိုင်ငံရေး နှင့် စစ်ပွဲတွေကအရေးမကြီး။ မိမိလူမျိုး ၊ မိမိနယ်မြေကိုကာကွယ်ဖို့သာ အရေးကြီးသည်။

TNLA ၊ SSA-S ကဲ့သို့သော ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် EAOs များက ပြောင်းလဲဖို့တွန်းအားကို ထောက်ခံကြသော်လည်း တချို့အုပ်စုတွေကတော့ လက်ရှိအခြေအနေအတိုင်းထိန်းသိမ်းဖို့ ဆန္ဒရှိနေကြသည်။ မြန်မာ နိုင်ငံတွင် “ ဝ ” ပြည်နယ်သည် သီးခြားအုပ်ချုပ်ရေးဌာနဖြစ်သည်။ EAOs တွင် ဝ သည် အင်အားကြီးလက်နက်ကိုင် အဖွဲ့ အစည်းဖြစ်ပြီး ခန့်မှန်းခြေစစ်သည်အင်အား ၂၅၀၀၀ ခန့်ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားသော “ ဝ ” ပြည်နယ် သည် ကိုယ်ပိုင်အစိုးရ ၊ ကိုယ်ပိုင်စစ်တပ်နှင့်ဖြစ်သည်။ အမည်မဖော်လိုသော UWSA မှ ထိပ်တန်းပုဂ္ဂိုလ်တဦး၏အပြော အရ ဝ သည် ၎င်း၏ကိုယ်ပိုင်လွတ်လပ်သောအခြေအနေများကိုထိခိုက်စေမည်ဖြစ်သော မည်သည့်ထောက်ပံ့မှုမျိုးကိုမှ ပြုလုပ်မည်မဟုတ် ဟု သိရသည်။

ထိုပုဂ္ဂိုလ်ကပင် ဂလိုဘယ်သို့ “ ‘ဝ’ ပြည်နယ်က ယဥ်ကျေးမှုအရကော နယ်မြေပိုင်းခြားမှုအရပါ သီးသန့်ဆန်တယ်။ ‘ဝ’ တွေအတွက် တခြားသူတွေရဲ့နိုင်ငံရေး နဲ့ စစ်ပွဲတွေကအရေးမကြီးဘူး။ ကိုယ့်လူမျိုး ၊ ကိုယ့်နယ်မြေကိုကာကွယ်ဖို့သာ အရေးကြီးတယ် ” ဟုပြောသည်။ UWSA အနေဖြင့် ၎င်းတို့၏လူအင်အား ၊ လက်နက်အင်အားများကို ဖက်ဒရယ်တပ်မ တော်အတွက် တိုက်ရိုက်ထောက်ပံ့ဖို့မဖြစ်နိုင်ပေ။ အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလူမျိုးစုနယ်မြေများတွင် အကြမ်းဖက်မှုများရှိခဲ့သည့်တိုင်း ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ဘဲ ၎င်းတို့၏သစ္စာရှိမှုကိုသာ ဆက်ပြီးပြသခဲ့သည်။ တိုင်း ပြည်တွင်းမငြိမ်သက်မှုများတိုးလာချိန်မှာတော့ မိမိပြည်နယ်ကာကွယ်ရန်အတွက်သာ အားထုတ်ကြိုးစားခဲ့သည်။

“မတ်လအကုန်ပိုင်းလောက်က အနာဂတ်ဖက်ဒရယ်တပ်မတော်အတွက် UWSA ကလည်းပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတဲ့စာတစောင် NUG ကပို့လာခဲ့သေးတယ်။ ဒါပေမယ့် တိုင်းရင်းသားလူနည်းစုတွေရဲ့အခွင့်အရေးတွေ ၊ ကျနော်တို့ရဲ့နိုင်ငံရေးတောင်းဆိုချက်တွေကို သူတို့က လေးစားတာမဟုတ်ဘူး။ ဒါကြောင့်လည်း တစုံတရာ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ ကျနော်တို့ UWSA အနေနဲ့ကလည်း ဖက်ဒရယ်တပ်မတော်နဲ့ပူးပေါင်းမှာမဟုတ်ဘူးလို့ ကျနော် မျှော်လင့်တယ် ” ဟု အမည်မဖော်လိုသော UWSA မှ ထိပ်တန်းပုဂ္ဂိုလ်တဦးကပြောသည်။

သို့သော် NUG အပေါ် တစုံတရာမပြန်ကြားခဲ့ခြင်းက စစ်တပ်ကိုထောက်ခံသည်ဟု ဆိုလိုခြင်းတော့မဟုတ်ပါ။ တပ်မ တော်သည် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။ UWSA သည် ဒေသတွင်း လုပ်ဖော်ကိုင်ဖက်များထက်ပိုပြီး စစ်တပ်နှင့်ရင်းနှီး‌သောဆက်ဆံရေးများရှိနေသည့်တိုင် မယုံကြည်မှုများက ကြီးစိုးထားဆဲ ဖြစ်သည်။

“ မြန်မာစစ်တပ်နဲ့ဆက်ဆံရေးက ရှေ့တန်းမှာရှိနေပေမယ့် သူတို့ကိုကျနော်တို့က မယုံကြည်ဘူး။ မြန်မာစစ်တပ်က ဘယ်တုန်းကမှ ကတိမတည်ဘူး ” ဟု သူကပြောသည်။ “ မြန်မာစစ်တပ်က ပန်ဆမ်းအထိလာပြီး NUG နဲ့ပူးပေါင်းတာ မျိုးမလုပ်ဖို့ လာပြောတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ပေါင်းမယ် ၊ မပေါင်းဘူး ဆိုတာမပြောခဲ့ဘူး။ ဘာကြောင့် လည်းဆိုတော့ မြန်မာစစ်တပ်က ကျနော်တို့ရဲ့မိတ်ဘက်မဟုတ်ဘူး။ တိတ်ဆိတ်တဲ့မိတ်ဆွေမျိုးသာဖြစ်တဲ့အတွက် ကြောင့်ပဲ ” ဟုလည်း ပြောသည်။

သို့သော်လည်း ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်လာပါက UWSA အပေါ် စစ်ရေးဖိအားတိုးလာနိုင်သည်။ တိုင်းပြည်၏ အင်အားအတောင့်တင်းဆုံး EAO ဖြစ်သော UWSA သည် ကိုယ်ပိုင်တီထွင်ထားသောလက်နက်များကိုရောင်းချခြင်း ၊ တရုတ်နှင့်နီးစပ်သောဆက်ဆံရေးရှိခြင်းတို့ကြောင့် ဖက်ဒရယ်တပ်မတော်လက်နက်တပ်ဆင်ရာတွင် အရေးပါသူဖြစ် ကြောင်း သက်သေပြနိင်ခဲ့သည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းအတွက် လက်နက်အဓိကထုတ်လုပ်သူအရင်းအမြစ်မှာ တရုတ်နည်းတူ UWSA လည်းပါဝင်ပြီး ကိုယ်ပိုင်စက်ရုံများရှိနေသည်။

တရုတ်လုံခြုံရေးတပ်ဖွဲ့များနှင့် နီးကပ်လွန်းသောချည်နှောင်မှုများရှိနေကြောင်း သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက် ပေါ်နေသည့်ကြားမှပင် UWSA သည်တရုတ်အပေါ်မှီခိုနေရသည်ဟူသောစွပ်စွဲချက်များကို ငြင်းဆိုထားပြီး စီးပွားရေး အရရောစစ်ရေးအရပါ မိမိကိုယ်ကိုအားကိုသည်ဟုဆိုထားသည်။

“ ကျနော်တို့နဲ့တရုတ် ၅၀၀ ကီလိုမီတာ နယ်နိမိတ်ချင်းထိစပ်နေတယ်။ ဒါပေမယ့် ဝ တွေရဲ့အရေးကို တရုတ်ကစွက် ဖက်လို့မရဘူး။ ကျနော်တို့မှာ ကိုယ်ပိုင်လက်နက်စက်ရုံ နဲ့ အဟောင်းပြင်စက်ရုံတွေရှိတယ်။ တရုတ်က ကျနော်တို့ကို လက်နက်မပေးပါဘူး ” ဟုပြောသည်။

အလားတူပင် လက်ရှိဖြစ်စဉ်နှင့် NUG အပေါ် တရုတ်ကလည်း မည်သည့်ရပ်တည်ချက်မျိုးကိုမှထုတ်ဖော်ပြသခြင်းမရှိသလို ပြည်တွင်းရေးဝင်ရောက်စွက်ဖက်လိုခြင်းမရှိကြောင်းကိုသာ ပြသခဲ့သည်။လက်ရှိအခြေအနေများအရ ရှမ်းပြည်နယ်တွင်းရှိ EAOs များအနေဖြင့် ဖက်ဒရယ်တပ်မတော်တွင်ပါဝင်ခြင်းနှင့်ပတ်သက်ပြီး ဝေးကွာသောအနေအထားတွင်ရှိနေပုံရပြီး ပြည်တွင်းပဋိပက္ခသမိုင်း နှင့် နုနယ်သေးသောနိုင်ငံရေးမဟာမိတ်များတွင်လည်း သိသာထင်ရှားသောသံသယများကို ဖြစ်စေပါသည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင်းတွင် EAOs အများဆုံးဖြစ်သည်။ သို့သော် စုစည်း၍မရ။ မြောက်ပိုင်းတွင် TNLA နှင့် ၎င်းတို့၏မိတ်ဘက်များ နှင့် တောင်ပိုင်းတွင် SSA-S တို့အကြား နယ်မြေပိုင်းခြားရေး ၊ မူးယစ်ဆေးတရားမဝင်ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး နှစ်ရှည်လများကြာခဲ့ပြီးဖြစ်သောတိုက်ပွဲများ ဆက်ပြီးဖြစ်ပွားလျက်သာ ရှိနေတော့သည်။

ကြည်ဖြူစံ ရေးသားသည်။

Most read this week