လုပ်ငန်းအပ်သူနည်းပါး၍ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံ

လုပ်ငန်းအပ်သူနည်းပါး၍ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံ

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူပြီးနောက် ရွှေစျေးတစ်ဟုန်ထိုးမြင့်တက်ခဲ့သော်လည်း ယခုအချိန်တွင် ရွှေစျေးနှုန်းလျော့ကျလာပြီး အနည်းငယ်တည်ငြိမ်နေပြီဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

သို့သော် ရွှေဝယ်ယူသူနည်းပါးနေသေးသဖြင့် လုပ်ငန်းလာအပ်သူနည်း၍ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူများမှာ အခက်ကြုံနေရကြောင်း စစ်တွေမြို့မှ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

“လွန်ခဲ့တဲ့နှစ်တွေက ဒီအချိန်ဆိုရင် ရွှေလာဝယ်သူများတယ်။ အခုက ဝယ်လိုအား၊ ရောင်းအားတွေက ပုံမှန်မဖြစ်သေးဘူး။ လူတွေက စီးပွားရေးအဆင်မပြေမှူတွေလည်းပါမှာပေါ့။ ဒီမှာက ရွှေဈေးအတက်အကျပေါ်မူတည်ပြီး ရောင်းချပေးတယ်။ အခုချိန်ထိတော့ ဝယ်လိုအားကျတယ်။ ရန်ကုန်မှာလည်း ရွှေအရောင်းအဝယ် မကောင်းဘူးလို့ ပြောသံကြားတယ်။ စစ်တွေမှာတော့ လောလောဆယ် အရောင်းအဝယ်လည်းတစ်ခုမှ မရှိသလောက်ကိုအေးစက်နေတယ်။ ဆိုင်တွေကလည်း အရင်လို ရွှေအရောင်းအဝယ်ပုံမှန်အနေအထားမရသေးတော့ အဆင်မပြေကြဘူး”ဟု စစ်တွေမြို့မှ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးစိန်ကျော်အေးက ပြောသည်။

လက်ရှိရွှေစျေးမှာ ၁၆ ပဲတစ်ကျပ်သားလျှင် ငွေကျပ် ၁၇ သိန်း ၈ သောင်းကျာ်ပေါက်စျေးရှိပြီး ယခင်က‌ရွှေစျေးထက် ၂ သိန်းနီးပါးလျော့နည်းလာခဲ့သော်လည်း ရွှေဝယ်ယူသူမှာနည်းပါးနေဆဲဖြစ်သဖြင့် စစ်တွေမြို့မှာ ရွှေဆိုင်အချို့မှာ ယာယီပိတ်ထားကြသည်။

စစ်တွေမြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလက ရွှေ ၁၆ ပဲတစ်ကျပ်သားလျှင် ငွေကျပ် ၁၈ သိန်း ၂ သောင်းခန့်ရှိခဲ့ပြီး ယခုနိုဝင်ဘာတွင် ၁၇ သိန်း ၈ သောင်းခန့်သာ ဈေးနှုန်းရှိလာခဲ့သည်။

“စစ်အာဏာမသိမ်းမီကလည်း ရခိုင်ပြည်သူအများစုက ကိုဗစ်ဒဏ်၊ စစ်ဘေးဒဏ်တွေကိုခံစားခဲ့ရတယ်။ စီးပွားရေးအခြေအနေမှာလည်း နာလန်ထူနေရဆဲဖြစ်တယ်။ တစ်ဖက်မှာလည်း လတ်တလောဖြစ်ပျက်နေကြတဲ့ ပြည်မကနိုင်ငံရေးအခြေအနေတွေကြောင့်လည်းပါတာပေါ့။ ရွှေဝယ်လိုအား၊ ရောင်းလိုအားတွေက ပုံမှန်အနေအထားကိုပြန်‌ရောက်လာဖို့ ကြာဦးမယ်ထင်တယ်”ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ရွှေဈေးနှုန်းမှာ ၁၆ ပဲ ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၇၈၇၀၀၀ ၊ ၁၅ ပဲ ရွှေတစ်ကျပ်သားကို ၁၆၈၁၉၀၀ ကျပ်ရှိကြောင်း ရွှေဆိုင်များမှသိရသည်။

ဒေါ်လာဈေးနှင့်ရွှေဈေးများ ပြန်ကျလာသော်လည်း လူသုံးကုန်အခြေခံစားသုံးကုန်ပစ္စည်းများ ဈေးပြန်မကျသေးသဖြင့် အခြေခံလူတန်းစားများမှာ အခက်အခဲကြုံနေကြရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung
November 5, 2024
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင်...
November 5, 2024
ဘင်္ဂလားဒေ့ရှ် - မောင်တောနယ်စပ်၌ လုံခြုံရေးဆောင်ရွက်နေသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို...
ပုံစာ - လေကြောင်းဗုံးကြဲမှုကြောင့် ဇူလမွတ်ဆလင်‌ကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့။    ဓာတ်ပုံ - APM
November 4, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်...
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုကြောင့် အာဏာပိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် ရွှေ့ပြောင်းလုပ်သားများ။  ဓာတ်ပုံ - မြဝတီ&မဲဆောက်မီဒီယာ
November 4, 2024
ပြည်မဒေသအသီးအသီး၌ ရောက်ရှိနေကြသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့်...