Published
Monday, November 22, 2021
တရုတ်- အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ
တရုတ်- အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားပြု မည်သူမျှ တက်ခွင့်မရဘဲ ထိုင်ခုံအလွတ်သာရှိခဲ့သည်ကို တွေ့ရသည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားခဲ့သည်။
အာဆီယံက တောင်းဆိုသည့် သဘောတူညီချက် ငါးရပ်ကို မင်းအောင်လှိုင်က လိုက်နာခြင်းမရှိသဖြင့် အာဆီယံနိုင်ငံများက ယခုအစည်းအဝေးကို တက်ရောက်ရန် သဘောမတူခဲ့ခြင်းဖြစ်သည်။