ကလေးမြို့ စစ်လက်နက်ပစ္စည်းတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်တိုက်

ကလေးမြို့ စစ်လက်နက်ပစ္စည်းတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြိုရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကို PDF -Zoland နှင့် CDM – Siyin (CDF-KKG တပ်ရင်း ၂) ပူးပေါင်းတပ်ဖွဲ ့က ယနေ ့ညနေ ၆:၃၀ အချိန်က တိုက်ခိုက်ခဲ့ ကြောင်း PDF -Zoland က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ယမ်းသိုလှောင်ရုံတချို့ ပေါက်ကွဲပျက်စီးမှုများရှိသည့်အပြင် စကစတပ်ဖွဲဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းစစ်ဆင်ရေးသည် လုယူခြင်းခံခဲ့ရသည့် လွတ်လပ်မှုနှင့် အနိုင်ကျင့်ခံရသည့် မတရားမှုများအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ခြင်း အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု PDF-Zoland ကထုတ်ပြန်သည်။

November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...
November 7, 2024
ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများ နေ့စဉ်နှင့်အမျှ...
November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...
November 6, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့)...