ကဘူဒမ်းစစ်ရှောင်တောင်ယာခင်း စပါးမဖြစ်ထွန်းသောကြောင့် အခက်ကြုံနေ

ကဘူဒမ်းစစ်ရှောင်တောင်ယာခင်း စပါးမဖြစ်ထွန်းသောကြောင့် အခက်ကြုံနေ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ ကဘူဒမ်း စစ်ရှောင်စခန်းမှ စစ်ရှောင်မိသားစုဝင်အချို့၏ တောင်ယာစပါးခင်း ဧက (၁၀) ကျော် ယခုနှစ် မိုးခေါင်မှုကြောင့် စပါးမဖြစ်ထွန်းပဲ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စိုက်ပျိုးထားသည့် တောင်ယာစပါးခင်းအတွက် အချိန် ၊ ငွေကြေး ၊ လုပ်အားစိုက်ထုတ်မှု အားလုံးအရှုံးပေါ်ခဲ့သဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။

“သူတို့စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ရအောင်ဆိုပြီးလုပ်ထားခဲ့တာ။ စိုက်ထားတဲ့အရာက ဒီနှစ်ရဲ့ ရာသီဥတုအားပေးမှုကလည်း မရှိတော့ မျှော်လင့်ထားသလို ရိတ်သိမ်းစရာဘာမှ မရှိအောင်ကို ဖြစ်သွားတယ်။ ပထမတော့ စိုက်တဲ့လမှာတော့ တော်တော်လေး ကောင်းတယ်။ အခုအပေအနှံလေးထွက်လာတော့ကြတော့ မိုးက လည်းခေါင် အစိုဓာတ်လဲမရတော့ အခင်းပျက်သွားတယ်။ တစ်နှစ်တာအတွက် ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိုက်တာလေ။ ဒါပေမဲ့ ပြန်အဆင်မပြေလာတဲ့အခါကြတော့ မျှော်လင့်ချက်ဆုံးရှူံးသွားသလို ခံစားနေ ကြရတယ်” ဟု ဆိုသည်။

လက်ရှိ Covid-19 ရောဂါဖြစ်ပွားသည့်ကာလတွင် ကဘူဒမ်းစစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး အသုံးအဆောင်များကို ဖူလုံစွာ ထောက်ပံ့ပေးနိုင်သည့် အလှူရှင်လိုအပ်နေသေးကြောင်းလည်း သူက ဆက်ပြောသည်။

“ကိုဗစ်ကြောင့် သွားလာလို့ကလည်း အဆင်မပြေ စိုက်ထားတဲ့စပါးက ပျက်စီးသွားတော့ သူတို့ စားဝတ်နေရေးက အရမ်းခက်သွားပြီ။ တစ်ခါတစ်လေတော့ အလှူရှင်တွေရှိတယ်။ ပထမက စားဝတ်နေရေး ၊ ဒုတိယက ကျန်းမာရေးအထွေထွေ ဝယ်သုံးဝယ်ဖို့တောင် ခက်ခဲကြတယ်။” ဟု KNG ကချင်သတင်းဌာနကို ပြောသည်။

အဆိုပါ ကဘူဒမ်းကျေးရွာရှိ စစ်ရှောင်ပြည်သူများမှာ ၂၀၁၇ ခုနှစ် ဟူးကောင်း လီဒိုလမ်းမပေါ် တိန်းကောက် ကျေးရွာအနီး စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြား ထွက်ပြေးတိမ်းရှောင် ခဲ့သည့် ရဝမ်ကုန်းကျေးရွာသားများ ဖြစ်ကြသည်။

လက်ရှိ ကဘူဒမ်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု (၁၄) စု နှင့် လူဦးရေ စုစုပေါင်း (၄၃) ယောက်ရှိကြောင်း သိရသည်။

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...