ဆိုင်ကယ်တစီးတည်းတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးခွင့်ကို နိုဝင်ဘာလ ၁၁ ရက် နေ့မှ စတင်ကာ ထားဝယ်ခရိုင်အတွင်း ပိတ်ပင်တားမြစ်လိုက်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ တားမြစ်ချက်ကို တိုင်းအစိုးရညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ လုံခြုံရေးဌာနမှ ပြုလုပ်တာဖြစ်ပြီး မည် သည့်အတွက်ကြောင့် ယခုကဲ့သို့ တားမြစ်ကန့်သတ်သည် အရေးယူမည် ဆိုသည့်ကိစ္စကို ၎င်းအနေဖြင့် မသိ ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ထားဝယ် မြို့နယ်အုပ်ချုပ်ရေးမှူး က “တိုင်းရဲတပ်ဖွဲ့က အမိန့်ထုတ်တာပါ။ ဘာကြောင့်ရယ်တော့ မသိဘူး။ လတ် တလော မသိဘဲနဲ့ စီးလာတာမျိုး ကို တော့ ဒီနေ့တစ်ရက်တော့ ခွင့်လွှတ်ပေးထားပါတယ်။ နောက်ပြန် လှည့်ခိုင်း လိုက်တယ်။ အရေးမယူသေးဘူး။ နောက်နေ့ကျရင်တော့ အရေးယူမယ်။ ဘယ်လို အရေးယူမယ်ဆိုတာတော့ ဘာမှတော့ တိတိကျကျ ပြောထားတာ မရှိသေးဘူး” ဟု ပြောသည်။
သို့သော် ဆိုင်ကယ်မောင်းသူသည် အမျိုးသားတစ်ဦးတည်း (သို့) ဆိုင်ကယ်စီးသူ အမျိုးသားတစ်ဦးနှင့် နောက် တွင် အမျိုးသမီးတစ်ဦးနှင့် အတူတူတွဲစီးခြင်း၊ အမျိုးသမီးနှစ်ဦး အတူတူတွဲ၍ စီးခြင်းတို့ကို ခွင့်ပြုသည်ဟု ပြော သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ တိုင်းအစိုးရညွန်ကြားချက်ဖြင့် တားမြစ်ကန့်သတ်ချက်သည် အမျိုးသားနှစ်ဦး ဆိုင်ကယ် တစ်စီးတည်းတွင် အတူ စီးခြင်းကို တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ထားဝယ် မြို့နယ် အုပ်ချုပ်ရေးမှူးက အတည် ပြုပြောသည်။
ထားဝယ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဒီမိုကရေစီ ခုခံစစ်ပွဲ ရေချိန်မြင့်တက်နေပြီး မြို့ရွာအချို့တွင် ရှေ့ မှဆိုင်ကယ်မောင်းသူက မောင်းနေစဉ် နောက်က ထိုင်လိုက်သူက သေနတ်ဖြင့်ပစ်ခြင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခြင်း များ ပြုလုပ်နေသဖြင့် ယခုကဲ့သို့တားမြစ်ခြင်းမျိုး ဖြစ်နိုင်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားတစ်ဦး က ပြောဆို သည်။
သို့သော် ထားဝယ်မြို့အတွင်း နှာခေါင်းစည်းတပ်ခွင့်မပြုတော့ကြောင်း ပြောဆိုနေမှုများသည် သတင်းအမှားသာ ဖြစ်ပြီး နှာခေါင်းစည်းတပ်ခြင်းကိုမူ ပုံမှန်အတိုင်း ပြုလုပ်ရမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။