စစ်ကောင်စီက ကလေး-ရိ ယာဉ်လိုင်းများ ငွေကြေးအဆမတန် ကောက်ခံနေ

စစ်ကောင်စီက ကလေး-ရိ ယာဉ်လိုင်းများ ငွေကြေးအဆမတန် ကောက်ခံနေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများကို စစ်ကောင်စီရဲနှင့် စစ်သားများက ငွေကြေးအဆမတန် ကောက်ခံနေသည့်အတွက် ကားသမားများ အခက်ကြုံနေရသည်ဟု သိရသည်။

ကလေးမြို့မှ ချင်းတောင်တက်သည့် ကလေး-ခိုင်ကမ်း-တီးတိန်-ရိ ကားလမ်းတစ်လျှောက်ရှိ လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲနှင့် စစ်သားများကို ကားတစ်စီးလျှင် အနည်းဆုံး ကျပ်ငွေ ၅၀၀၀၊  ရိခေါဒါရ်မြို့အထိ စုစုပေါင်း ကျပ်ငွေ ၃၀၀၀၀ ကျော်ခန့် ပေးဆောင်နေရသည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။

“ကျနော်တို့အရင်တစ်ခါလိုပေးတာထက် နည်းနည်းများသွားပြီ အခုလည်း ၅၀၀၀ ပဲကောက်တော့တာ ရိ ထိသွားမယ်ဆိုရင် ၅၀၀၀ ပေးပေးနေရင်း ၃၀၀၀၀ ကျော်လောက်ကျသွားတယ် ခိုင်ကမ်းဂိတ်ဆိုရင် လက်မှတ်ထိုးပြီး ပိုက်ဆံထည့်တာတောင် သူတို့ရဲတွေက ဘယ်လောက်ထည့်လဲမေးတယ် ၁ ထောင်ထည့်တယ်ပြောရင် ၄ ထောင်ထပ်ထည့် မရဘူးဆိုပြီး အတင်းကိုထည့်ခိုင်းနေတာ သူတို့ပြောတာတော့ ငါတို့ကိုနောက်တစ်ခါပြန်လာပစ်ရင် နောက်ထပ် ၅၀၀၀ ထပ်တိုး ကောက်မယ်လို့ ကျနော်တို့ ကားသမားတွေဆီပြောတာ အဆင်မပြေဘူး ပေးရတာများလို့ကားသမားတွေအတွက်” ဟု ကလေး-ရိယာဉ်လိုင်းပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောသည်။

ယခင် စက်တင်ဘာလက ခိုင်ကမ်း (၉) မိုင် ယာဉ်အသွားအလာစစ်ဆေးရေးဂိတ်နှင့် ရဲစခန်းကို PDF-Zoland၊ CDF-KKG၊ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲဝန်ထမ်း (၅) ဦးသေဆုံးမှုရှိခဲ့ပြီးနောက် လုံခြုံရေးတင်းကြပ်မှုရှိလာသည့်အပြင် ကလေး-တီးတိန်-ရိ လမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်သားများ စခန်းချတပ်စွဲမှုများရှိလာခဲ့သည်။

ယခုကဲ့သို့ လမ်းခရီးတစ်လျှောက်တွင် ရဲနှင့်စစ်သားများအား ငွေကြေးပေးဆောင်နေရသည့်အတွက် ကလေး-ရိအကြား ကားခမှာလည်း ယခင်က လူတစ်ဦးလျှင်ကျပ်ငွေ ၁၅၀၀၀ ခွဲခန့်ရှိရာမှ ၅၀၀၀၀ ခန့်အထိမြင့်တက်သွားပြီး ခရီးသွားပြည်သူ များလည်း အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

“လမ်းမှာ ရဲနဲ့ စစ်သားကို ပိုက်ဆံပေးရတာအရမ်းများတော့ ကုန်ပစ္စည်းသယ်ယူခနဲ့ ကားခတွေက မတက်လို့မရဘူးလေ” ဟု အမည်မဖော်လိုသည့် ကားဂိတ်မှူးတစ်ဦးကပြောသည်။

ကလေး-ရိခေါဒါရ်မြို့အကြား နေ့စဉ်ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း လူစီးကားနှင့် ကုန်တင်ကား အစီး ၂၀ ခန့်ရှိပြီး ယခုရက်ပိုင်းအတွင်း လုံခြုံရေးအခြေအနေကြောင့် ပြေးဆွဲမှု ရပ်နားထားသူများလည်းရှိသည်ဟု သိရသည်။

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...