ကေအဲန်ယူထိန်းချုပ်နယ်မြေ မူတြော်ခရိုင်တပ်မဟာ(၅)မှာ အခုနောက်ပိုင်း ထပ်မံလှုပ်ရှားလာတဲ့ တပ်ရင်း ၂ ရင်းဟာ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ ပိုများလာတယ်လို့ ကေအဲန်ယူ မူတြော်ခရိုင်က ဆိုပါတယ်။
ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး တတိယလှိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြင်းထန်လာခဲ့ပြီး အောက်စီဂျင်လုံလောက်စွာ မရရှိခဲ့တဲ့အတွက် အောက်တိုဘာလ ဒုတိယပတ်အထိ ကိုဗစ်ရောဂါကြောင့် လူပေါင်း ၆၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
NCA ၆ နှစ်ပြည့်နေ့မှာ တပ်မတော်အနေနဲ့ စစ်အာဏာသိမ်းခြင်းဟာ NCA ရဲ့ အခြေခံမူအားလုံးကို ချိုးဖောက်ရာရောက်ပြီး နိုင်ငံရေးမှာပါဝင်နေမှုကနေ နုတ်ထွက်ကြောင်းကြေညာဖို့ ကေအဲန်ယူဘက်က တောင်းဆိုလိုက်ပါတယ်။