Published
Monday, October 11, 2021
စက်သုံးဆီဈေးကြောင့် စက်နဲ့ စပါးရိတ်ခဈေးပါ မြင့်တက်လာမှာကို လယ်သမားတွေက စိုးရိမ်နေကြပါတယ်။ (အောက်တိုဘာလ ၁၀၊ ၂၀၂၁)
ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်တယ်လို့ သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းက အတည်ပြုပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၉ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၈၅ ယောက်သေဆုံးပြီး ၁၆ဝ အထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် အမှတ်(၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဓာတ်မြေဩဇာဈေးတွေတက်တဲ့အပြင် စပါးဈေးမကောင်းဘဲဖြစ်နေတာကြောင့် လယ်သမားတွေအခက်ကြုံနေရတဲ့ အချိန်မှာ စက်သုံးဆီဈေးကြောင့် စက်နဲ့ စပါးရိတ်ခဈေးပါ မြင့်တက်လာမှာကို လယ်သမားတွေက စိုးရိမ်နေကြပါတယ်။