KNU ဖားအံခရိုင် ကိုဗစ်ကော်မတီ၏တာဝန်ခံ စောဂျောနှင့် မေးမြန်းချက်

KNU ဖားအံခရိုင် ကိုဗစ်ကော်မတီ၏တာဝန်ခံ စောဂျောနှင့် မေးမြန်းချက်

KNU - ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုနှင့်ပတ်သက်ပြီး ခရိုင် ကိုဗစ်ကော်မတီ၏ တာဝန်ခံ စောဂျောနှင့် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး - လတ်တလော KNU ဖားအံခရိုင် အုပ်ချုပ်နယ်မြေထဲမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှုအခြေအနေ ဘယ်လိုရှိလဲ။

ကူးစက်မှုအခြေအနေကတော့ ကျနော်တို့လူတွေရဲ့ ရတဲ့သတင်းအချက်အလက်အရ ပိုင်ကျုံနဲ့ နဘူးမှာ အဲ့ဒီမှာ ထိစပ်နယ်မြေမှာကျတော့ ပိုးတွေ့တဲ့လူနာ ရှိလာပြီးလို့တော့ ကျနော်တို့ကြားရတယ်။ ပိုးတွေ့တဲ့လူနာတွေက ကြားတာတော့ လေးဆယ်ကျော်လောက်ရှိတယ်။

မေး - ကိုဗစ်တတိယလှိုင်းကို KNU ဖားအံခရိုင် အုပ်ချုပ်နယ်မြေမှာ ဘယ်အချိန်လောက်က စတင်ဖြစ်ပွားတွေ့ရှိတာလဲ။

လွန်ခဲ့တဲ့ ၆ လပိုင်းမှာကျတော့ ကျနော်တို့ဆီမှာ မတွေ့ရသေးဘူး။ ဒီတစ်လအတွင်းမှာ တချို့ မြို့နဲ့နီးတဲ့နေရာတွေမှာ ပြန်ပြီးတော့ တွေ့ရတဲ့အနေအထားက ဒီ ၆ လပိုင်းအကုန် ၇ လပိုင်းအစမှာ ကျနော်တို့ ပြန်တွေ့ရတယ်။

မေး - KNU ဖားအံခရိုင် အုပ်ချုပ်နယ်မြေအတွင်းမှာ ကိုဗစ်ဆိုင်ရာ ပညာပေးအစီအစဉ်နဲ့ ကာကွယ်တားဆီးရေးအစီအစဉ်တွေကို ဘယ်လိုလုပ်ဆောင်နေလဲ။

ကာကွယ်တဲ့အနေနဲ့ကျတော့ ဒီသက်ဆိုင်ရာ ရပ်/ရွာ၊ ရွာလူကြီး ကျေး/နယ်ကိုခေါ်ပြီးတော့ အဓိက လူဝင်/လူထွက် စောင့်ကြည့်မှုပေါ့၊ ဒီတတိယလှိုင်းမှာ ဒီမြို့နယ်ခွဲတို့ကိုမေးကြည့်တော့ အရင်တုန်းကလို စစ်ဆေးရေးဂိတ်ထားပြီးတော့ မလုပ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ လူအင်အားအရသော်လည်းကောင်း၊ မြေပြင်အနေအထားအရသော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း သူတို့ အဲ့ဒါကို မလုပ်နိုင်တော့ဘူး။ ဒါပေမယ့် သက်ဆိုင်တဲ့ ဒီကျေးရွာ လူကြီးကနေတဆင့် လူအဝင်/အထွက်ကို သူတို့စောင့်ကြည့်ဖို့ ပြောထားပြီးသားပဲဖြစ်တယ်။ ဒီလိုအပ်တဲ့ ပစ္စည်းတွေကျတော့ ကျနော်တို့ ပို့ပေးတာပေါ့။ ပိုစတာတို့ လက်ဆေးဆပ်ပြာရည်တို့ ပို့ပေးတယ်။

တွေ့တဲ့လူနာကျတော့ lock down ချတာပေါ့။ အပြင်မထွက်ရတာတို့ အပြင်ကလူက အတွင်းထဲကိုမဝင်ဖို့ လုပ်ထားတယ်။ ကျနော်တို့ အရင်တုန်းကလို လမ်းမကြီးကတော့ ပိတ်လို့မရဘူးလေ။ ဒါက အဓိက ရွာထဲမှာဝင်မယ့်လမ်းကျတော့ အထူးသဖြင့် သူစိမ်း (ဧည့်သည်) တွေ ဘာတွေလာရင် ပေးမဝင်ဘူး။ အဲ့ဒါတွေ အဓိကလုပ်ထားတယ်။

မေး - ဖားအံခရိုင် အထူးသဖြင့် နယ်စပ်ဒေသဘက်ဘက်ခြမ်းမှာ ပိုးတွေ့လူနာအခြေအနေကော ဘယ်လိုရှိပါသလဲ။ ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာတွေကို ဆေးကုသပေးမှုအခြေအနေက ဘယ်လိုရှိသလဲ။

ကျနော်တို့ ဒီဒေသခံမှာကျတော့ မတွေ့ဘူး။ ဒါပေမယ့် နိုင်ငံရေးအရ ခိုလှုံလာတဲ့လူတွေထဲမှာ တွေ့တာရှိတယ်။ လောလောဆယ်အနေအထား တချို့ကျတော့ ဖြစ်ပြီးသားဟာကို လာပြီးတော့ ပြန်စစ်ရင်လည်း ပေါ်တဲ့လူရှိတယ်။ ဆိုတော့ အဲ့ဒါက အသစ်ပဲဆိုရင် ၄ ယောက်လောက် ကျနော်တို့တွေ့ရတယ်။ ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ထွေထွေထူးထူးတော့ လုပ်ပေးတာလို့မရသေးဘူး။ ဒီမြို့နယ်အဆင့်ပေါ့နော်။ ကျနော်တို့ဌာနချုပ်မှာကျတော့ ကျနော်တို့ ဗဟိုနဲ့ပေါင်းပြီးတော့ စီစဉ်ထားတာရှိတယ်။ ဒါပေမယ့် ဆေးကုသရမယ့်အနေအထားတော့ တစ်ယောက်မှ မတွေ့ရသေးဘူး။ အခု ပိုးတွေ့တဲ့လူနာထဲမှာ။ ကျန်းမာရေးကောင်းပါတယ်။ ပြီးတော့ ဘာလက္ခဏာမှလည်း မပေါ်ဘူး။ ကျနော်တို့ အခုတွေ့ရှိတဲ့လူနာတွေက လောလောဆယ် ကျနော်တို့ဆီမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းမှာတော့ ရောက်မလာဘူး။ စစ်ကောင်စီ ဆေးရုံ၊ ဆေးခန်းမှာပဲ သူတို့စစ်တာ ပေါ်တာရှိတယ်။ အဲ့လိုပဲ။ အဲ့ဒါ ဒီရောနှောဧရိယာမှာပေါ့နော်။ ကျနော်သိရသလောက်တော့ သူတို့ကို သီးသန့် သူများစီစဉ်ထားတဲ့ အဆောင်မှာပဲ သွားထားတယ်လို့ သိရတယ်။

မေး - KNU ဖားအံခရိုင် နယ်မြေအတွင်းမှာ ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ အရေအတွက် ဘယ်လောက်ရှိလဲ။

ကျနော်တို့တွေ့တဲ့လူတွေထဲမှာကျတော့ တယောက်မှ ဆိုးဆိုးရွားရွားတော့ ဘာမှမဖြစ်ဘူး။ ဆေးဝါးကုသရမယ့် အတိုင်းအတာထိလည်း မရှိသေးဘူး။ အကောင်းပကတိပဲရှိတယ်။ ဒီ ၄ ယောက်ထဲမှာပေါ့ ကျန်းကျန်းမာမာပါပဲ။ ဘာလက္ခဏာမှ မပြဘူး။ ဒါပေမယ့် ဆွက်ဘ် (swab) ကိုယူကြည့်ပြီးတော့ ပေါ်တော့ သူတို့ကို သီးသန့်ထားထားတယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့ရက်ကို သီးသန့်ထားပြီးမှ ပြန်ထုတ်တာလည်းရှိတယ်။ အဲ့ဒီ ၄ ယောက်စလုံးကျတော့ ဘာမဖြစ်ဘူး။

မေး - အကယ်၍ လိုအပ်လာလို့ ဆေးကုသမှုခံယူမယ်ဆိုရင် ဆေးဝါးလိုအပ်ချက်နဲ့ ကျန်းမာရေးဝန်ထမ်းလုံလောက်မှုက ဘယ်လိုအခြေအနေမှာရှိလဲ။

အကယ်၍များ လူနာများလာခဲ့သော် ကျနော်တို့လိုအပ်မှုတော့ ရှိနေတာပေါ့။ ဒါပေမယ့် အဲ့ဒီအပိုင်းကျတော့ ကျနော်တို့ ဗဟိုကနေ သူတို့ စီစဉ်ထားတာရှိပြီးသားလေ။ ဒီ ကိုဗစ်စစ်မယ့်စက် မြို့နယ်တစ်ခုမှာ တစ်လုံးထားထားဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် လောလောဆယ်တော့ မရသေးဘူး။ ဘယ်တော့ရမလဲဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး၊ ဗဟိုကနေ မေးကြည့်မှပဲ သိမယ်ထင်တယ်။ လောလောဆယ် ကျနော်တို့ဆီမှာ ဗဟိုနဲ့ခရိုင်မှာ တွဲပြီးတော့လုပ်ရတာ ဒီကုသမှုနဲ့ပတ်သက်ပြီး ကျနော်တို့ စီစဉ်ထားတာရှိတယ်။ တစ်နေရာပဲရှိတယ်။ ကျနော်တို့ ဌာနချုပ်မှာပေါ့နော်။ ကျန်တဲ့အပိုင်းကျတော့ ကာကွယ်မှုအနေနဲ့ပဲ လုပ်ထားလို့ရသေးတယ်။

မေး - လက်ရှိ ကိုဗစ်တတိယလှိုင်း ကူးစက်မှုအခြေအနေနဲ့ပတ်သက်ပြီး အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ပြည်သူလူထုတွေကို ဘာများ တိုက်တွန်းချင်ပါသလဲ။

လူတိုင်းမှာ အားလုံးတာဝန်ရှိတယ်ပေါ့။ ကျနော်ပြောချင်တာက ဒီ ကိုယ့်ရဲ့ကာကွယ်မှု ကိုယ်ကနေတဆင့် သူများကို မကူးအောင် ဒါက လူတိုင်းမှာ တာဝန်ရှိတယ်လို့ ကျနော်တိုက်တွန်းချင်တယ်။ ပြီးတော့ အခု ဒုတိယလှိုင်းနဲ့ တတိယလှိုင်းစပ်ကြား ကာကွယ်မှုနဲ့ပတ်သက်ပြီးတော့ ကျနော်ကြည့်တာ ကိုဗစ်ကာကွယ်မှုနဲ့ပတ်သက်ပြီး နည်းနည်းလေး အားမရတာရှိတယ်။ တချို့ကျတော့ mask တို့ မတပ်ဘဲနဲ့ ခရီးသွားတာတို့။ ဆိုလိုချင်တာက ဒါက ကိုယ့်ရဲ့ တစ်ဦးတစ်ယောက်သော်လည်းကောင်း မိသားစုသော်လည်းကောင်း အပြင်ထွက်ရင် mask တပ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောချင်တယ်ပေါ့နော်။

နောက်တစ်ခုကျတော့ ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ စစ်ဆေးရေးဂိတ် ၁၃ နေရာ ထားထားတာရှိတယ်။ ဒီမြို့နယ် ခရိုင်တစ်ခုလုံးအတိုင်းအတာအနေနဲ့။ အခုလောလောဆယ် ကျနော်တို့ အနေအထားအရ ပြန်ကြည့်ရင် အဲ့ဒီ ဒုတိယလှိုင်းတုန်းက အခြေအနေက နည်းနည်းလေးထိန်းချုပ်လို့ရတဲ့ အနေအထားမှာ ကျနော်တို့ ရပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေကို အခု တတိယလှိုင်းမှာ ပြန်ပြီးဖွင့်ဖို့ ပြန်စီစဉ်ဆွေးနွေးတုန်းပဲပေါ့နော်။ ဂိတ် ၁၃ နေရာတော့ ပြန်ဖွင့်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ တချို့နေရာတွေ လုံခြုံရေးအပိုင်းနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ နေရာပြန်လည်စိစစ်ရမယ့် နေရာတွေရှိတယ်။ အခု လေးနေရာ၊ ငါးနေရာလောက်တော့ ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်။ ကျနော်တို့ ပြန်ဖွင့်လို့ရမယ့် အနေအထားမှာပဲ ကျနော်တို့ ပြန်ဖွင့်မယ်။ ဒါပေမယ့် ဒီမြို့နယ် ကျန်းမာရေးအဖွဲ့နဲ့ ပြန်ပြီးတော့ ဆွေးနွေးရမယ်။ သူတို့ ဘယ်နှစ်နေရာလောက် ဖွင့်ဖို့စီစဉ်ထားလဲ။ အဲ့ဒါတစ်ချက် ပြန်ဆွေးနွေးရမယ်။

 
 

 

 

Most read this week

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...