မော်လမြိုင်တက္ကသိုလ်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

မော်လမြိုင်တက္ကသိုလ်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

မော်လမြိုင်တက္ကသိုလ်တွင် ပညာရေးဝန်ထမ်းအပါအဝင် ကျောင်းသား/ကျောင်းသူ  စုစုပေါင်း တစ်ရာကျော် ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း မော်လမြိုင်တက္ကသိုလ်သတင်းဌာန၏ မေ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မော်လမြိုင်တက္ကသိုလ် အင်ကြင်းဆောင်တွင် တစ်ဆောင်လုံးနီးပါး ကိုဗစ်ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး အဆောင်မှူးဖြစ်သူ ရူပဗေဒဌာနမှ ပါမောက္ခတစ်ဦးလည်း ကူးစက်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် အင်ဂျင်နီယာဌာနမှ ရောဂါပိုးကူစက်ခံရသာ ဝန်ထမ်းများနှင့် ထိတွေ့ခဲ့သူများလည်း ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် သင်ကြားရေးပိုင်းမှ ဆရာ၊ ဆရာမများကို ကိုဗစ်ရောဂါပိုး စစ်ဆေးပေးရာတွင်လည်း ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်ဟု ဆိုသည်။

တက္ကသိုလ်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ အများစုမှာ ကျောင်းသူများဖြစ်ပြီး တစ်ဆောင်ထဲအတူနေသူများဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ မော်လမြိုင်တက္ကသိုလ်အတွင်း ရောဂါပိုးကူးစက်ခံရသူ ၁၀၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်သည် မော်လမြိုင်တက္ကသိုလ်အတွင်းရှိ အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုအခြေအနေကို တိကျစွာထုတ်ပြန်ခြင်း၊ သတိပေးခြင်း ဆောင်ရွက်ခြင်းမရှိဘဲ သတင်းအမှောင်ချခဲ့ခြင်းကြောင့် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

မော်လမြိုင်တက္ကသိုလ်အတွင်း ရောဂါကူးစက်မှု မြင့်တက်လာသော်လည်း စာမေးပွဲဖြေဆိုမှုကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...