ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှု ဇူလိုင် ၉ ရက်တွင် စွဲချက်အမိန့်ချမည်

ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှု ဇူလိုင် ၉ ရက်တွင် စွဲချက်အမိန့်ချမည်
by -
ကောင်းကျော်နိုင် (BNI)

နိုင်င်ငံတော်အကြည်ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအမှုကို ဇူလိုင် ၉ ရက်တွင် စွဲချက်အမိန့်ချမည်ဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ယနေ့ (ဇွန် ၂၅ ရက်) တွင် စစ်တွေမြို့နယ်တရားရုံး၌ Video Comferencing ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး စွဲချက်တင်သင့်မတင်နှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများမှ လျှောက်လဲချက်များပေးခဲ့ကြောင်း သိရသည်။

“ဒီကနေ့ စစ်တွေမြို့နယ်တရားရုံးမှာ Video Comferencing နဲ့ ရုံးထုတ်စစ်ဆေးခဲ့ကြပါတယ်။ ဒီရုံးချိန်မှာ စွဲချက်တင်သင့်မတင်သင့်ပတ်သက်ပြီး နှစ်ဖက်ရှေ့နေ့တွေက လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဇူလိုင်လ ၉ ရက်နေ့မှာ ဦးညီပုကို စွဲချက်အမိန့်ချသွားမှာပါ” ဟု ရှေ့နေ ဦးစစ်အောင်မင်းက ပြောသည်။

ဝန်ကြီးချုပ်ဦးညီပုသည် စစ်တပ်ကအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ်ချခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီ ၉ ရက်က Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ကို ကန့်ကွတ်ကြောင်း ဗွီဒီယိုဖိုင်ကို ရိုက်ကူထုတ်လွင့်သည့်အတွက် ထပ်မံဖမ်းဆီးခံခဲ့ပြီး ယခုကဲ့သို့ တရားစွဲဆိုခံနေရခြင်းဖြစ်သည်။

ထို့နောက် ဦးညီပုကို ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကနိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...