မော်လမြိုင်မြို့ အ.လ.က ၆ တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲသံဖြစ်ပေါ်

မော်လမြိုင်မြို့ အ.လ.က ၆ တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲသံဖြစ်ပေါ်
by -
စိုင်းထွန်းစံ (MNA)

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ အ.လ.က (၆) စာသင်ကျောင်းတွင် ဇွန် ၁၇ ရက် ၉ နာရီအချိန်ခန့်က ဗုံးဟုယူဆရသော ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း စာသင်ကျောင်းအနီးပတ်ဝန်းကျင်နေသူများထံမှ သိရသည်။

“ပေါ်ကွဲသံက ည ၉ နာရီအချိန်လောက်မှာ၊ ကျောင်းဝင်းထဲကပဲထွက်တာ။ ခဏနေတော့ ရဲတွေ စစ်သားတွေ အများကြီးရောက်လာကြပြီးတော့ စစ်ဆေးနေကြတယ်၊၊ အသံဗုံးလား ဘာဗုံးလဲ ဘာမှမသိရပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်သည်အပေါ် မည်သူ၊ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း မသိရှိရပေ။

ထို့အတူ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အ.လ.က (၂) ကျောင်းရှေ့တွင် ဇွန် ၁၄ ရက် ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် ဆိုင်ကယ်စီးသေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် မော်တော်ကားလမ်းရှင်းပေးသော ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်တွင်ထိမှန်၍ ရပ်မိ/ရပ်ဖတစ်ဦး နားထင်၌ သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း မြို့ခံများမှ သိရသည်။

စစ်ကျွန်ပညာရေးသင်ကြားပေးနေသည့် စာသင်ကျောင်းများသို့ မတက်ကြရန် စစ်ကောင်စီကိုဆန့်ကျင်နေသည့် အင်အားစုတချို့က တိုက်တွန်းမှုများရှိခဲ့သလို ဗုံးဖောက်ခွဲမည့် ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိနေရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဇွန် ၁ ရက်မှစ၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာတွင် နိုင်ငံတဝန်း သေနတ်ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်ခဲ့သည့်အတွက် ကျောင်းသူ/သားများ၏ လုံခြုံရေးအတွက် ကျောင်းသားမိဘများက စိုးရိမ်နေရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးကာလမှစတင်၍ မော်လမြိုင်မြို့ပေါ်နေရာများတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ လစဉ်ဖြစ်ပေါ်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...