ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် Chinland Defense Force–CDF (Mindat) တပ်ဖွဲ့ဝင်များအကြားဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ကျဆုံးခဲ့သည့် CDF-Mindat တပ်ဖွဲ့ဝင် ၂၁ ဦးစာရင်းကို မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးက ထုတ်ပြန်လိုက်သည်။
အာဏာသိမ်းစစ်ကောင်စီနှင့် CDF-Mindat အကြား မေ ၁၂ ရက်က ဆွေးနွေးပွဲပျက်ပြယ်ခဲ့ပြီးနောက် တကျော့ပြန်တိုက်ပွဲဖြစ်ပွားရာတွင် မေ ၁၃ ရက်မှစ၍ ဇွန် ၇ ရက်အထိ CDF-Mindat ဘက်မှ တပ်ဖွဲ့ဝင် ၂၁ ဦးကျဆုံးခဲ့ပြီး ၎င်းတို့မှာ -
၁။ ဆလိုင်း ထန်းဟုန်းထန်း (မေ ၁၃၊ ဂေါက်ကွင်းတိုက်ပွဲ)
၂။ ဆလိုင်း မာန်ကီးထန်း (ဂေါက်ကွင်းတိုက်ပွဲ)
၃။ ဆလိုင်း ဟုန်းအွမ်ဟုန်း (ဂေါက်ကွင်းတိုက်ပွဲ)
၄။ ဆလိုင်း ထန်းပက် (ဂေါက်ကွင်းတိုက်ပွဲ)
၅။ ဆလိုင်း ခွီရှိန်းနင် (မေ ၁၄၊ ဂေါက်ကွင်းတိုက်ပွဲ)
၆။ ဆလိုင်း ဟာခွီရှိန်း (ဂေါက်ကွင်းတိုက်ပွဲ)
၇။ ဆလိုင်း ကီးတမ် (မေ ၁၃၊ ၃၅ မိုင် တိုက်ပွဲ)
၈။ ဆလိုင်း ကီးရှိန်း (အနောက် ၃၈ မိုင်တိုက်ပွဲ၊ မေ ၁၇)
၉။ ဆလိုင်း လိန်းကီး (အနောက်တိုက်ပွဲ)
၁၀။ ဆလိုင်း လိန်းရွှီ (အနောက်တိုက်ပွဲ)
၁၁။ ဆလိုင်း ထန်းနိုင်း (ပူကွန်းတိုက်ပွဲ ၂၁.၅.၂၀၂၁)
၁၂။ ဆလိုင်း တမ်လိန်း (ပူကွန်းတိုက်ပွဲ ဗုံးထိ - ၂၆.၅.၂၁)
၁၃။ ဆလိုင်း ဒါဝိတ် (ပူကွန်းတိုက်ပွဲ ဗုံးထိ - ၂၆.၅.၂၁)
၁၄။ ဆလိုင်းထန်းလိန်း (ခွဲလုံသာတိုက်ပွဲ - ၃၀.၅.၂၁)
၁၅။ ဆလိုင်း ချွဲလိန်း (ခ) ရှောင်လင် (ဇွန် ၄၊ ရွှေအောင်သာတိုက်ပွဲ)
၁၆။ ဆလိုင်း ရှိန်းအောင်ထန်း (ဇွန် ၄၊ မယ်လယ်ကုန်းတိုက်ပွဲ)
၁၇။ ဆလိုင်း ထန်းလိန်း (ဇွန် ၄၊ မယ်လယ်ကုန်းတိုက်ပွဲ)
၁၈။ ဆလိုင်းငိုင်းရှိန်းမာန် (ဇွန် ၆၊ ယှက်တိုက်ပွဲ)
၁၉။ ဆလိုင်းထန်းမာန် (ဇွန် ၆ ချောင်းဆုံတိုက်ပွဲ)
၂၀။ ဆလိုင်းဟာဖေ (ဇွန် ၆၊ ချောင်းဆုံတိုက်ပွဲ)
၂၁။ ဆလိုင်းလင်နိုင်း (ဇွန် ၇၊ ယှက်တိုက်ပွဲ - ရွာထဲတွင် ထမင်းစားနားစဉ် လက်နက်ကြီးထိမှန်ကျဆုံး) တို့ဖြစ်သည်။
Published
Wednesday, June 09, 2021
မင်းတပ်တွင် တိုက်ပွဲကျဆုံးခဲ့သည့် CDF-Mindat တပ်ဖွဲ့ဝင် ၂၁ ဦးစာရင်း ထုတ်ပြန်