တရုတ်ကျောထောက်နောက်ခံ AIIB ဘဏ်က မြန်မာအာဏာသိမ်းစစ်အုပ်စုကို ငွေထုတ်ချေးရန် လမ်းဖွင့်ထား

တရုတ်ကျောထောက်နောက်ခံ AIIB ဘဏ်က မြန်မာအာဏာသိမ်းစစ်အုပ်စုကို ငွေထုတ်ချေးရန် လမ်းဖွင့်ထား

အရှေ့တောင်အာရှမြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဆီ ပြန်သွားခြင်း မရှိသေးလျင်တောင်မှ မြန်မာနိုင်ငံရှိ ပရောဂျက်များအတွက် ငွေကြေးထောက်ပံ့ပေးရန် လမ်းဖွင့်ပေးထားကြောင်း ပေကျင်းအခြေစိုက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ပြောကြားခဲ့သည်။

AIIB ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွက် ထည့်သွင်းစဉ်းစားထားသည့် ပရောဂျက်အသစ် မရှိသေးသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ‘de facto government’ (တရား၀င်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသောအစိုးရ) အဖြစ် သတ်မှတ်ညှိနှိုင်းဆောင်ရွက်နိုင်သည့် မူဘောင်တစ်ရပ်ရှိကြောင်း AIIB ၏ ဒု-ဥက္ကဋ္ဌ ဂျောင်ချင်မ်ဗွန်အမ်စဘာ့ဂ်က Financial Times သတင်းစာကို ပြောသွားခဲ့သည်။

“အစိုးရ ပုံစံအမျိုးအစားနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကြည့်ရှုမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ စိစစ်ဆောင်ရွက်မှု စာရင်းကနေပဲ သွားမှာပါ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦး၀င်းမြင့်ဦး‌ဆောင်သော ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ အာဏာသိမ်းယူကာ ဆန္ဒပြသူများကို လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းထားခဲ့သည်။

အာဏာသိမ်းစစ်တပ်နှင့် အဆက်အသွယ်ဖြတ်တောက်ရေးအတွက်  မြန်မာနိုင်ငံတွင် အကျိုးစီးပွားများရှိနေသည့် အခြားသောအစိုးရများ၊ ကုမ္ပဏီများအပေါ် ဖိအားများ တိုးမြင့်ကျရောက်နေစဉ် ယခု AIIB ၏ ထုတ်ဖော်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တက်ကြွလှုပ်ရှားသူများ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်အဖြေပေးသည့်အနေဖြင့် အနောက်အုပ်စု စွမ်းအင်လုပ်ငန်းစုများဖြစ်သည့် Total နှင့် Chevron တို့သည် ပြီးခဲ့သည့်အပတ်က မြန်မာ၏ နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီထံ အစုပေါ်အမြတ်ငွေသားများ ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားခဲ့သည်။

ထို့ပြင် ဂျပန်ဘီယာလုပ်ငန်းစု ကီရင်နှင့် တောင်ကိုရီးယားသံမဏိလုပ်ငန်း ပေါ်စကိုတို့သည်လည်း မြန်မာရှိ စစ်တပ်ထိန်းချုပ်သော လုပ်ငန်းစုများနှင့်အကြား ဖက်စပ်လုပ်ငန်းများကနေ ထွက်ခွာမည့်အစီအစဉ်များကို ကြေညာထားခဲ့သည်။

AIIB ၏ စိစစ်ဆောင်ရွက်မှုစာရင်း၌ de facto government တစ်ရပ်တွင် နယ်မြေပိုင်နက်ဆိုင်ရာ ထိရောက်သော ထိန်းချုပ်မှုရှိသလားဆိုသည့် အချက်နှင့်အတူ၊ အခြားဘဏ္ဍာရေး တာ၀န်၀တ္တရားများကို နိုင်ငံ၏ အသိအမှတ်ပြုမှု၊ အိမ်နီးချင်းနိုင်ငံများ၏ ရပ်တည်ချက်နှင့် ဖြစ်နိုင်ခြေရှိ ဘဏ္ဍာရေးအန္တရာယ်များ စသည်တို့နှင့်ပတ်သက်ပြီး အကဲဖြတ်ခြင်းများပါ၀င်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ထူထောင်ခဲ့သည့် AIIB ကို တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း အခြေခံအဆောက်အအုံစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားခဲ့ရသည်။

ထို့နောက်မှစ၍ AIIB သည် ပရောဂျက် ၁၂၃ ခုအတွက် ဒေါ်လာ ၂၄ ဘီလီယံကျော်ရှိ ငွေထုတ်ချေးမှုများကို အတည်ပြုပေးထားသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ
November 19, 2024
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ  ဦးဆောင်ဆရာတော်တပါးဖြစ်သည့်...
၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
November 18, 2024
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက်...
November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...