ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစနီအောင်ကို ပလက်၀ မြို့၊ ရိက္ခာရပ်ကွက်ရှိ ၎င်း၏နေအိမ်ကနေ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။
ပလက်ဝမြို့၊ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌအား မေ ၂၉ ရက် ညနေ ၈ နာရီခန့် တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဖမ်းဆီးခြင်းသည့်အကြောင်းရင်းကို မသိရသေးကြောင်း နှင့် CDM လုပ်နေသူများအား ထောက်ခံအားပေးသည်ဆိုသည့် သံသယနှင့် ဖမ်းဆီးသွားခြင်းဖြစ်နိုင် ကြောင်း ဒေသခံတစ်ဦးကိုကိုးကားပြီး ခူမီးမီဒီယာတွင် သတင်းဖော်ပြထားသည်။
ဦးစနီအောင်သည်လွန်ခဲ့သည့် ဆယ်နှစ်လောက်က အထက်တန်းကျောင်းအုပ်ရာထူးဖြင့် သက်ပြည့်ပင် စင်ယူထားသူဖြစ်ပြီး လက်ရှိတွင် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်း ဥက္ကဌတာဝန်ကို ယူ ထားသူဖြစ်ကြောင်း သိရသည်။
ဦးစနီအောင်အား ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် ပလက်ဝမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးကို နိရဉ္စရာ သတင်း ဌာနက ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
၎င်းပြင် ပလက်၀မြို့တွင် ချင်းလူငယ်၁၀ ဦးခန့် ဖမ်းဆီးခံထားရပြီး ထိုဖမ်းဆီးထားသူများထဲမှ ကိုအိုက်မင်း၊ ဒေါ်ဥမ္မာ၊ ကိုလှမြင့်ဌေးတို့ကို မေ ၂၉ ရက် ညနေပိုင်း၌ ပြန်လွှတ်ပေးကာ မေ ၃၀ ရက်က ကိုဒေး ဗစ်၊ ကိုချန်မို၊ ကိုလိုင်ပန်းနှင့် ကိုသီဟအောင်တို့ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးစနီအောင်မှာ လွတ် မြောက်လာခြင်း မရှိသေးဟု သိရသည်။
ချင်းလူငယ်များကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး ပလက်ဝမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကို ကို လတ်ကို နိရဉ္စရာသတင်းဌာနမှ မေ ၂၉ ရက်က ဆက်သွယ်မေးမြန်စဉ်လူငယ်အများအပြားကို မေးမြန်း နေကြောင်း အတည်ပြု ပြောဆိုခဲ့သည်။