ရွှေကူတွင် သင်္ဘောတစ်စီး ထပ်မံပစ်ခတ်ခံရ

ရွှေကူတွင် သင်္ဘောတစ်စီး ထပ်မံပစ်ခတ်ခံရ
by -
ခေါင်ညွယ် (KNG)

ရွှေကူမြို့နယ်တွင် စစ်ကောင်စီ၏တပ်များ ပါဝင်နိုင်သည့် ပင်လုံသင်္ဘောတစ်စီး ယနေ့ (မေ ၂၁ ရက်) နံနက်ပိုင်းက ထပ်မံပစ်ခတ်ခံလိုက်ရကြောင်း သိရသည်။

 

ယနေ့ ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် ကသာမှ ရွှေကူမြို့သို့ ဆန်တက်လာသသည့် သင်္ဘောတစ်စီးကို ရွှေကူမြို့နယ် မင်းကျောင်းကုန်းနှင့် သာယာကုန်းကျေးရွာကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ခဲ့သည်ဟု ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

 

“ပစ်ခတ်ခံရတာမှန်ပါတယ်။ ကျနော်တို့ ရွှေကူမြို့နယ်ထဲမှာရှိတဲ့ သာယာကုန်းကျေးရွာမှာ ဟုတ်တယ်တဲ့။ စစ်သားတွေပါလို့ KIA က ဝင်ပစ်တာတဲ့။ ဘယ်နှစ်ယောက်ပါတယ်ဆိုတာက မသိရဘူး။ နောက်ပြီး ရိက္ခာလည်းပါတယ်လို့သိရတယ်” ဟု ၎င်းကပြောသည်။

 

ပစ်ခတ်ခံရသော သင်္ဘော၏ ရှေ့ခန်းထိခိုက်ထားသဖြင့် ဘိုကုန်းကျေးရွာ မျက်နှာချင်းဆိုင်ကျွန်းတွင် ရပ်ထားကြောင်း သိရသည်။

 

ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်အင်အားနှင့် ရိက္ခာသယ်လာသည့်သင်္ဘောကို KIA က မကြာခဏ ပစ်ခတ်ဖျက်စီးမှုများပြုလုပ်ခဲ့သည်။

 

အာဏာသိမ်းစစ်တပ်သည် ဧရာဝတီမြစ်ကိုအသုံးပြုကာ မန္တလေး-ကသာ-ရွှေကူ မှတဆင့် ဗန်းမော်မြို့သို့ စစ်တပ်အင်အား ပို့ဆောင်နေပြီး ထိုမှတဆင့် ကချင်ပြည်နယ်ရှိ KIO တပ်မဟာ ၅ နှင့် တပ်မဟာ ၃ ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသောလမ်းကြောင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...