မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မော်လမြို့အပါအဝင် မြိုနယ်တချို့၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲနှင့်စစ်တပ်က စစ်ဆေးမှုပိုမို လုပ်ဆောင်လာကြောင်း ဒေသခံများကပြောသည်။
အဆိုပါ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် မြို့တွင်းနှင့် မြို့အဝင်/အထွက်များ၌ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြကြောင်း သိရသည်။
ယခု ရက်ပိုင်းအတွင်း သထုံဈေးအပါအဝင် မော်လမြိုင်နှင့် ရေးမြို့တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံပျက်စီးမှုနှင့် လူထိခိုက်မှုလည်းရှိခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံမြို့တွင် မေ ၁၆ ရက် နံနက်ပိုင်းက တစ်နေ့တည်း ဗုံးပေါက်ကွဲမှု သုံးကြိမ်ထိဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတို့၏ ပြောပြချက်အရ သိရသည်။
ထို ဗုံးပေါက်ကွဲမှုမှာ နံနက် ၆ နာရီဝန်းကျင်၌ အထက ၂ ကျောင်းဝင်းအနီး ရေမြောင်းအတွင်းတစ်ကြိမ်၊ ကျောင်းပေါက်ဝအနီးတွင် တစ်ကြိမ်နှင့် ဇင်ယော်တည်းခိုခန်းအနီး တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကဆိုသည်။
အထက ၂ ကျောင်းဝင်းအနီး ဗုံးနှစ်လုံးနှင့် ဇင်ယော်တည်းခိုခန်းအနီး ဗုံးတစ်လုံးတို့မှာ မိနစ်ပိုင်းသာခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက ၂ ကျောင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
သထုံမြို့ အောက်ကျင်းရပ်ကွက် ဇင်ယော်တည်းခိုခန်းအနီး ပေါက်ကွဲမှုတစ်ခုတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။
ယင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်နေရာများတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များက လုံခြုံရေးတင်းကြပ်ထားကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေသည်ဟု ၎င်းတို့က ပြောသည်။
Published
Tuesday, May 18, 2021
ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ်တွင် ပေါက်ကွဲမှုဆက်တိုက်ဖြစ်ပွားနေ