ကယားတွင် ကျေးလက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ CDM ဝန်ထမ်း ၄ဝ ဦး အလုပ်ထုတ်ခံရ

ကယားတွင် ကျေးလက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ CDM ဝန်ထမ်း ၄ဝ ဦး အလုပ်ထုတ်ခံရ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်နှင့်မြို့နယ်ရုံးများတွင် CDM ပြုလုပ်သည့် ဝန်ထမ်း အယောက် ၄၀ ကို အလုပ်မှထုတ်ပယ်လိုက်ကြောင်း သိရသည်။ 

 

“ကျွန်တော်တို့က အလုပ်ပြုတ်မှာကိုတော့ သိပြီးသားပဲ။ ကျွန်တော်တို့ယုံကြည်တဲ့ နောက်ကိုပဲလိုက်ပြီးတော့ CDM လုပ်တာပေါ့” ဟု အလုပ်မှ ထုတ်ပယ်ခံလိုက်ရသည့် အငယ်တန်းအင်ဂျင်နီယာ - ၂ ဝန်ထမ်းတစ်ဦးက ပြောသည်။ 

 

တပ်က အာဏာသိမ်းပြီးနောက် ကယားပြည်နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်း ၈၀ ခန့် CDM ပြုလုပ်ခဲ့သော်လည်း အထက်လူကြီးများ၏ ဖိအားပေးမှုများနှင့် အခက်အခဲတချို့ကြောင့် ရုံးပြန်တက်နေရသူများလည်းရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ တော်တော်များများ CDM လုပ်တဲ့လူတွေက ဒီနယ်ခံတွေပေါ့။ နယ်ခံတွေဖြစ်တဲ့အတွက် နေရေးထိုင်ရေးတော့ အဆင်ပြေကြတယ်ပေါ့။ အဓိက အလုပ်မရှိတော့ အလုပ်ရရာလေးပဲ ဝင်လုပ်နေကြတယ်။ မိသားစုရှိတဲ့လူတွေကပေါ့။ တချို့ကြတော့ CDM လုပ်ချင်တယ်။ သို့ပေမယ့် နယ်ဝေးကလာတဲ့အတွက် နေရေးထိုင်ရေးခက်ခဲတော့ သူတို့မလုပ်ဘဲနဲ့ ရုံးဆက်တက်နေရတဲ့သူတွတော့ရှိတယ်” ဟု ၎င်းကပြောသည်။ 

 

ကယားပြည်နယ် ကျေးလက်ရုံးတွင် ဝန်ထမ်း ၁၅၅ ဦးအနက် ၇၉ ဦးသည် ဖေဖော်ဝါရီ ၈ ရက်မှစ၍ CDM ပါဝင်ခဲ့သော်လည်း အထက်မှဖိအားပေးမှုကြောင့် ရုံးပြန်တက်လျက်ရှိကြောင်း သိရသည်။ 

 

လက်ရှိ အရာထမ်းနှစ်ဦးနှင့် အမှုထမ်း ၃၈ ဦးသာ CDM ပြုလုပ်ပြီး အလုပ်မှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...