ကလေးမြို့လမ်းဆုံအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ သေနတ်သံ ဆက်တိုက်ကြားနေရ

ကလေးမြို့လမ်းဆုံအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ သေနတ်သံ ဆက်တိုက်ကြားနေရ

ကလေးမြို့လမ်းဆုံနားတွင် ယမန်နေ့ ည ၇ နာရီခွဲကျော်ကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ကြောင်း ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

 

"ကျွန်တော့်အိမ်နားမှာပဲ ပေါက်ကွဲမှုဖြစ်တာ ထိတဲ့သူရှိတယ်။ ပြည်သူထဲကပဲ လမ်းသွားလမ်းလာထဲကပါ။ မိန်းကလေးတစ်ယောက် ခြေထောက်ကိုထိသွားတယ်လို့ကြားတယ်။ ပြီးတော့ စစ်သားတွေ ချက်ခြင်းရောက်လာပြီးတော့ သေနတ်တွေ မိုးပေါ်ထောင်ပစ်ကျတယ် လမ်းသွားလမ်းလာသမျှကိုလည်း မှတ်ပုံတင်ကအစ မေးတယ်လို့ကြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ဖြစ်စဉ်မှာ ကလေးမြို့လမ်းဆုံနား တစ်နေရာတွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီများရောက်ရှိလာပြီး သေနတ်မိုးပေါ်ထောင်ပစ်နေကြကာ လမ်းသွားလမ်းလာများကိုလည်း မှတ်ပုံတင်ကအစ စစ်ဆေးမှုများရှိကြောင်း ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါကိစ္စများနဲ့ပတ်သက်ပြီး လမ်းဆုံးနားတစ်ဝိုက်တွင် သေနတ်ပစ်ဖောက်သံများ ဆက်လက်ကြားနေရဆဲဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...