စစ်ကောင်စီလက်အောက်တွင် ကျောင်းအပ်နှံခြင်းမလုပ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

စစ်ကောင်စီလက်အောက်တွင် ကျောင်းအပ်နှံခြင်းမလုပ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီမှ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းမှုအပေါ် မင်းတပ်ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမရှိရန်နှင့် ကျောင်းအပ်နှံခြင်းများမပြုလုပ်ကြရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “အကြမ်းဖက်စစ်အာဏာရှင်ဖြစ်လို့ လက်မခံတာပါ၊ အကြမ်းဖက်စစ်အာဏာရှင်ကိုအစိုးရနေရာမပေးချင်လို့လည်းဖြစ်တယ်” ဟု ပြောသည်။

 

မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မပါဘဲ ကျောင်းအပ်နှံခြင်းမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက သက်ဆိုင်သည့် ကျောင်း/ပုဂ္ဂိုလ်၏ လုံခြုံရေးအတွက် တာဝန်ယူမည်မဟုတ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အာဏာသိမ်းစစ်ကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်တို့မှ ပါရဂူဘွဲ့ကြိုတန်း၊ မဟာတန်းနှင့် နောက်ဆုံးနှစ်အတန်း၊ နည်းပညာ၊ အသက်မွေးပညာ၊ စက်မှုလက်မှုသိပ္ပံကျောင်းတို့မှ နောက်ဆုံးနှစ်အတန်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း နောက်ဆုံးနှစ်အတန်းများကို မေ ၅ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

 

အလားတူ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကိုလည်း လာမည့်ဇွန်လတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု ကြေညာထားသည်။

 

ယခုလက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးရှိ ကျောင်းဆရာ/ဆရာမ အများစုသည် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ထားကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...