ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း (န.တ.လ) ကျောင်းမှ CDM ပြုလုပ်သည့်ဝန်ထမ်းများ အလုပ်မှထုတ်ပယ်ခံရကြောင်း သိရသည်။
၎င်းကျောင်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ကဖြစ်ပြီး ဝန်ထမ်း ၉ ဦးကို အာဏာသိမ်းစစ်ကောင်စီက မေ ၃ ရက်တွင် အလုပ်ကထုတ်ပယ်လိုက်ရာတွင် ကယားပြည်နယ်မှ ၅ ဦးပါဝင်ပြီး CDM ပြုလုပ်သည့်အတွက် အလုပ်မှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ရုံးအမိန့်စာတွင် ဖော်ပြထားသည်။
စစ်အာဏာရှင်လက်အောက်တွင် အလုပ်မလုပ်ချင်သည့်အတွက် CDM ပါဝင်ပြီး ရုံးပြန်တက်ရန် ခေါ်စာရရှိသော်လည်း ရုံးမတက်သည့်အတွက် အလုပ်ထုတ်ခံရခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသူတစ်ဦးက ဆိုသည်။
“အခုလိုမျိုးခက်ခဲနေတာကို ကျော်လွှားပြီး အေးအေးချမ်းချမ်းနဲ့ ပြန်နေချင်တယ်လေ။ အဲ့လိုပါပဲ” ဟု ၎င်းကပြောသည်။
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသည် လွိုင်ကော်မြို့နှင့် ဘောလခဲမြို့တွင် တည်ရှိသည်။
Published
Thursday, May 06, 2021
လွိုင်ကော်မြို့ န.တ.လ ကျောင်းမှ CDM ဝန်ထမ်းငါးဦး အလုပ်ထုတ်ခံရ