ဖမ်းဆီးခံလူငယ်များ ပြန်လွှတ်ပေးရေးကိစ္စ စစ်ကောင်စီကလက်မခံသည့်အတွက် မင်းတပ်ဆွေးနွေးပွဲ ကြန့်ကြာနေရ

ဖမ်းဆီးခံလူငယ်များ ပြန်လွှတ်ပေးရေးကိစ္စ စစ်ကောင်စီကလက်မခံသည့်အတွက် မင်းတပ်ဆွေးနွေးပွဲ ကြန့်ကြာနေရ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အာဏသိမ်းစစ်ကောင်စီများနှင့် Chinland Defense Force – Mindat တို့ ညှိုနှိုင်းဆွေးနွေးမှု ကြန့်ကြာရခြင်းမှာ ဖမ်းဆီးထားသောလူငယ်များ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်ကိစ္စကို စစ်ကောင်စီဘက်က လက်မခံသည့်တွက်ကြောင့်ဟု မင်းတပ်မြို့ CDF မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကပြောသည်။

 

“ကျွန်တော်တို့ အဖမ်းခံရတဲ့လူတွေကို လွှတ်ပေးဖို့ ကျနော်တို့တောင်းဆိုထာတာ အဲဒါ သူတို့ ပြန်မလွှတ်သေးဘူး။ အဲဒါပဲရှိတယ်၊ တောင်းဆိုထားတာတဲ့ထဲမှာ ကျွန်တော်တို့ပြည်သူတွေကို ရန်ရှာပြီးတော့ ဖမ်းဆီးထားလူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့အရာ ပြန်မလွှတ်သေးဘူး။ ကျန်တာတော့ သူတို့လိုက်လျောပေးပါတယ်။ ပြည်သူငါးယောက်ရှိသေးပါတယ်။ အဲဒါနဲ့ပတ်သက်တဲ့ဟာက ညှိနေတယ်။ ညှိလို့မရဘူးတော့မဟုတ်ဘူး။ ကျွန်တောတို့တောင်းဆိုတဲ့အတိုင်း မလိုက်လျောပေးနိုင်တာကတော့ ဥပဒေကို ဗန်းပြထားတဲ့ကိစ္စရှိတာပေါ့” ဟု CDF မင်းတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

ယခုလက်ရှိတွင် မင်းတပ်မြို့ CDF မှတောင်းဆိုထားသည့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့များ စစ်အင်အားပြန်မတိုးချဲ့ရန်၊ အခြားနေရာစစ်အင်အားဖြည့်ဖို့ရန်သွားချင်ပါက မင်းတပ်မြို့ကို မဖြတ်သန်းရန်၊ လက်ရှိမင်းတပ်မြို့ပေါ်တွင် တပ်ဆွဲထားပြီး ကင်းများချထားသည့် အစိုးရနေရာများမှထွက်ပေးရန်၊ မတရားတိုးချဲ့ထားသည့်တပ်များ မိခင်တပ်ရင်းကို ပြန်လည်ဆုပ်ပေးရေးတို့ကို စစ်ကောင်စီဘက်က သဘောတူထားပြီး လက်ကျန်ဖမ်းဆီးခံငါးဦး ပြန်လွှတ်ရေးကိုမူ လက်မခံသေးကြောင်းသိရသည်။ 

 

အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့တွင် ဆန္ဒပြပြည်သူ ၁၂ ဦး ဖမ်းဆီးထားသည့်အနက် ခုနစ်ဦး ပြန်လွှတ်ပေးပြီး ကျန်ငါးဦးကို လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။ 

 

အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ မင်းတပ်မြို့ CDF အဖွဲ့ထံ တောင်းဆိုထားသော ရဲဘော်များ မြို့ပေါ်တွင် လက်နက်ကိုင်ဆွဲပြီးသွားလာခြင်းမလုပ်ရန်နှင့် ကင်းပုန်းချထားမှုကို နောက်ဆုတ်ပေးရေးတို့ကို CDF မင်းတပ်မှလည်း သဘောတူထားကြောင်း သိရသည်။

 

လက်ရှိ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီများမှ အင်အားထပ်တိုးချဲ့ခြင်းများမရှိသော်လည်း မကွေးတိုင်း ကျောက်ထုဘက်မှ အမြှေက်လက်နက်ကြီးများဖြင့် ချိန်ထားမှုရှိနေသေးကြောင်း မင်းတပ် CDF မှ တာဝန်ရှိသူကပြောသည်။

 

၎င်းကိစ္စနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ကတိတည်ဖို့ရန်လိုအပ်ကာ နှစ်ဦးနှစ်ဖက်မှ ကတိမတည်၍ ကတိချိုးဖောက်လာမည်ဆိုပါက ဖြစ်ပျက်လာသည့်ကိစ္စဟူသမျှ ကတိချိုးဖောက်သည့်လူမှ တာဝန်ခံရန်လိုအပ်ကြောင်း သူကဆက်ပြောသည်။

 

ချင်းပြည်နယ် မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၂၄၊ ၂၆၊ ၂၇ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အနည်းဆုံးအယောက် ၂၀ ခန့် သေဆုံးမှုရှိကြောင်း သိရသည်။

 

ယခုလက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များ တပ်ပြန်ဆုပ်သွားပြီဖြစ်ပြီး မင်းတပ်မြို့တွင် ပစ်ခတ်မှုမရှိဘဲ တည်ငြိမ်နေသေးကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...