ပူတာအို မလိရိန်တွင် တောမီးလောင်မှု ဧကတစ်ထောင်ခန့်ရှိပြီဖြစ်၊ ဒေသခံများ၏ အခင်းများပါဝင်

ပူတာအို မလိရိန်တွင် တောမီးလောင်မှု ဧကတစ်ထောင်ခန့်ရှိပြီဖြစ်၊ ဒေသခံများ၏ အခင်းများပါဝင်
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ပူတာအိုမြို့မြောက်ဘက် မန်ဇေခွန်အုပ်စု၊ မလိရိန်ကျေးရွာတွင် တောမီးလောင်ကျွမ်းနေသည်မှာ ၁၀ ရက်ခန့်ရှိလာသောကြောင့် ဧက ၁၀၀၀ နီးပါးခန့် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါတောမီးသည် ဧပြီ ၂၃ ရက်မှစတင်၍ လောင်ကျွမ်းနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏အခင်းနှင့် စားကျက်မြေများ မီးလောင်ရာတွင် ပါဝင်သွားသည်ဟု သိရသည်။

 

မလိရိန်ကျေးရွာဖြင့်  နှစ်မိုင်ခန့်အကွာထိ တောမီးဆက်လက်လောင်ကျွမ်းလာနေဆဲဖြစ်သောကြောင့် ရွာကိုကူးမည်ပါ စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“အခု တောမီးလောင်ကျွမ်းနေတဲ့နေရာက မလိရိန်ကျေရွာနဲ့ ၂ မိုင်လောက်ဘဲဝေးတာ ဟုတ်တယ်။ မီးကမသေဘဲ ပုံမှန်လောင်ကျွမ်းနေတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ ရွာဘက်ကို ရောက်လာမှာလည်း စိုးရိမ်တယ်။ နောက်ပြီး အဲ့နေရာက သူတို့ရဲ့ စားကျက်မြေဖြစ်သလို အဲ့ထဲမှာ တောင်ယာအခင်းတွင်လည်းရှိတယ်" ဟု ၎င်းကပြောသည်။

 

ယခု တောမီးလောင်ကျွမ်းသည့်နေရာတွင် သစ်တောကြိုးပင်ကာကွယ်တောလည်း ပါဝင်နေသည့်အတွက် တောရိုင်းတိရိစ္ဆာန်များ မျိုးသုန်းပျက်စီးသွားမည်ကိုလည်း စိုးရိမ်နေကြသည်။

 

ပူတာအိုမြို့နယ်ရှိ သစ်တောဌာနဝန်ထမ်းများကလည်း CDM လှုပ်ရှားမှုတွင် ပါဝင်နေသောကြောင့် ယင်းမီးလောင်နေမှုကို ငြှိမ်းသတ်မည့်သူ မရှိသေးကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...