KSCC နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်အထိ စုပေါင်းဆောင်ရွက်သွားမည်ဟု NUG ကတိ

KSCC နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်အထိ စုပေါင်းဆောင်ရွက်သွားမည်ဟု NUG ကတိ
by -
နော်ဒွေးအယ်ခူ (KT)

ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) နှင့်အတူ ရည်မှန်းချက် အောင်မြင်ပြီးမြောက်သည်အထိ စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ဝန်ခံကတိပြုခဲ့ကြောင်း သိရသည်။ 

 

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ရေးထိုးထားသည့် အထက်ပါ ဝန်ခံကတိပြုသည့် အကြောင်းကြားစာကို KSCC ၏ တရားဝင်လူမှုစာမျက်နှာမှတဆင့် ယနေ့ (ဧပြီ ၃၀ ရက်) ဖော်ပြခဲ့ပြီး လုပ်ငန်းစဉ်များကို ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KSCC ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

 

"ကျွန်တော်တို့ကတော့ NUG,NUCC နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်။ ပြည်နယ်အရေး ပြည်ထောင်စုအရေးကိုပေါ့နော။ နောက်ပြီးတော့ ကျတော်တို့ ကြားကာလကနေပြီး ဖက်ဒရယ်ပြည်ထောင်စုရရှိတဲ့အထိ ကျတော်တို့မျှော်မှန်းတဲ့ Slfe datamation ပေါ့ ဒီလုပ်ငန်းစဉ်ကို ကျတော်တို့ အကောင်အထည်ဖော်သွားမှာပေါ့နော။ အရင်ကလည်း ပြောပြီးသားပဲ။ သူတို့နဲ့ ကျတော်တို့နဲ့ကတော့ ရှေ့ဆက်ပြီးတော့ လုပ်ငန်းတွေ ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟု KSCC ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က ထုတ်ပြန်ထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်အတူ ပြည်နယ်အရေး၊ ပြည်ထောင်စုအရေးနှင့်ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် ထုတ်ပြန်ကြေညာချက်အပေါ် NUG က တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

လက်ရှိ KSCC မှ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝတည်ဆောက်ရေးအတွက် CRPH၊ NUG နှင့်အတူ ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။ 

 

KSCC ပြောရေးဆိုခွင့်ရှိသူက "လုပ်နေတာတော့ အများကြီးရှိတယ်ပေါ့။ CRPC နဲ့သော်လည်းကောင်း၊ NUG နဲ့သော်လည်းကောင်း၊ ပြည်နယ်ထဲမှာလည်း ခုနကပြောသလို ကြားကာလကနေ ဖက်ဒရယ်ပြည်ထောင်စုကို ပေါ်ပေါက်လာတဲ့အထိ ကိုယ့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ ကိုယ်ပိုင်းပြဌာန်းခွင့် အပြည့်အဝတည်ဆောက်အတွက် ကြိုးပမ်းနေပါတယ်" ဟုပြောသည်။ 

 

KSCC ကို ပြည်နယ်တွင်းရှိ ၂၀၂၀ ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများ တတ်သိပညာရှင်အားလုံးစုပေါင်းပြီး ၂၀၂၀ ခုနှစ် ဧပြီ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...