မြန်မာနိုင်ငံ၏အနာဂတ် ဖယ်ဒရယ်နိုင်ငံတော်ထူထောင်ရာတွင် ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ကျင့်သုံးနိုင်ရန်နှင့် ဖတ်ဆစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ရန်အတွက် မိုးညှင်းတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကို ဖွဲ့စည်းကြောင်း ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ မိုးညှင်းတက္ကသိုလ်၊ ယာယီတက္ကသိုလ်ကောင်စီတွင် မိုးညှင်းတက္ကသိုလ် ဆရာများသမဂ္ဂကိုယ်စားလှယ် လေးဦး၊ မိုးညှင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂကိုယ်စားလှယ် သုံးဦးနှင့် မိုးညှင်းတက္ကသိုလ် န်ထမ်းများ ကိုယ်စားလှယ် (၂) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
အဆိုပါ တက္ကသိုလ်ကောင်စီသည် မိုးညှင်းတက္ကသိုလ်မှ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ထမ်းထမ်းများကို ကိုယ်စားပြုကြောင်း လွပ်လပ်စွာ တွေးခေါ်ကြံဆနိုင်သော သင်ကြားသင်ယူမှနှင့် သုတေသနကိုအခြေခံသော ပညာရေး ဖြစ်စေရန်၊ လူတိုင်းအကြုံး၀◌င်သော တူညီမျှသော ပညာရေစနစ်ကိုဖော်ဆောင်နိုင်ရန် နှင့် တော်လှန်ရေးကြားကလအတွင်း မိုးညှင်းတက္ကသိုလ်၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်သည် ဟူသော် မှုဝါဒ လေးချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းရေးသားထားသည်။
ဖယ်ဒရယ် ဒီမိုကရေစီပညာရေးစနစ်သစ် ထူးထောင်နိုင်ရန်၊ တက္ကသိုလ်များ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရရှိရေး၊ စစ်အာဏာရှင်စနစ် စစ်အာဏာရှင်ဆန်သော စနစ်အားလုံးပျက်သုန်စေရန် စသော ရည်မှန်ချက်များကို လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေး၀န်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ကာ မိုးညှင်းတက္ကသိုလ်၏ အုပ်ချုပ်ရေး၊ စီမံခံခွဲရေးနှင့် ပညာရေးအဖွဲ့များဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွားဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။