ကယားပြည်နယ်တွင် CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများအား ဖိအားပေးသူများကို ပြည်သူများက လူမှုရေးပြစ်ဒဏ်ပေး

ကယားပြည်နယ်တွင် CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများအား ဖိအားပေးသူများကို ပြည်သူများက လူမှုရေးပြစ်ဒဏ်ပေး
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်တွင် CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများအား ဖိအားပေးသည့် ပညာရေးဝန်ထမ်းများ၏ပုံကို ဗီနိုင်းဖြင့် သစ်ပင်ပေါ်တွင် ကပ်သည့် လုမှုရေးပြစ်ဒဏ် (Social Punishment) လှုပ်ပ်ရှားမှုကမ်ပိန်းကို ဒီမော့ဆိုမြို့၌ ပြည်သူများက ဧပြီ ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ထိုကဲ့သို့ ဝန်ထမ်များအား ဖိအားပေးခဲ့ကြသည့် မယ်စဲ့မြို့နယ်ပညာရေးမှူး ဦးတင်ငွေ၊ အ.လ.က ရွမ်ခူကျောင်းအုပ် ဦးခွန်းသွက်နှင့် လွိုင်နန်းဖကျောင်းအုပ် ဒေါ်ရှားမြာတို့ကို လူမှုရေးပြဒဏ်အဖြစ် ၎င်းတို့ပုံများကို ကပ်လမ်းဆုံလမ်းများတွင် ကပ်ထားခြင်းဖြစ်သည်။



 

၎င်းတို့သည် CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများကို ဧပြီ ၂၄ ရက် နောက်ဆုံးထား၍ ဌာနဆိုင်ရာစစ်ဆေးခံရန် စာပို့ဖိအားပေးခဲ့သည့်အပြင် ယခင်ကလည်း နှုတ်ဖြင့် ဖိအားပေးခြင်းရှိခဲ့ကြောင်း CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများက ပြောသည်။

 

“အဲ့ဟာလေးတွေ သူတို့က စာနဲ့ထုတ်တာပေါ့နော်။ ခါတိုင်းက သူတို့က မသွားနဲ့မလာနဲ့လို့ ဖိအားပေးဖူးတာပေါ့နော်။ သွားလို့ရှိရင် ပါဝင်လို့ရှိရင် လစာမပေးဘူး စသည်ဖြင့် အဲ့လိုမျိုးပေါ့နော်။ အဲ့လိုမျိုးတော့ရှိတယ်။ ပါးစပ်နဲ့ပေါ့” ဟု CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ 

 

ပြည်နယ်ပညာရေးမှူးရုံးက CDM ကျောင်းအဖြစ် ကြေညာထားသည့် ကျောင်းအုပ်အချို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အကြောင်းကြားထားသည်ဟုဆိုသည်။

 

ဌာနဆိုင်ရာစစ်ဆေးမှုကို မချေပလျှင် ဝန်ထမ်းဥပဒေအရ တာဝန်မှ ယာယီရပ်နားခံရခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခံရခြင်းဖြစ်နိုင်ကြောင်း သိရသည်။ 

 

ဖရူဆိုမြို့တွင်လည်း CDM ပြုလုပ်သည့် ဝန်ထမ်းများကို ဖိအားပေးသည့်သူများ၏ ပုံကို လိုက်လံကပ်သည့်ကမ်ပိန်း ပြုလုပ်ခဲ့ဖူးသည်။

 

လွိုင်ကော် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူ/သားများမှ စစ်ကောင်စီလက်အောက်တွင် ပြန်ဖွင့်မည့် စစ်ကျွန်ပညာရေးစနစ်အတန်းကို လုံးဝတက်ရောက်မည်မဟုတ်ဘဲ ဆက်လက်တော်လှန်ဆန့်ကျင်မည်ဖြစ်ကြောင်း၊ ပြည်သူတို့ရွေးချယ်တင်မြှောက်ထားသောအစိုးရမှ ကျောင်းပြန်လည်ဖွင့်မှသာ ပြန်လည်တက်ရောက်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...