ကလေးတွင် ကျည်ဆံထိမှန်မှုကြောင့် ခြေတစ်ဖက်ဖြတ်ခံရပြီး အကျည်းထောင်ပို့ခံရသော ကို Pau Min Lun မိသားစုဝင်များနှင့် တွေ့ခွင့်မရသေး

ကလေးတွင် ကျည်ဆံထိမှန်မှုကြောင့် ခြေတစ်ဖက်ဖြတ်ခံရပြီး အကျည်းထောင်ပို့ခံရသော ကို Pau Min Lun မိသားစုဝင်များနှင့် တွေ့ခွင့်မရသေး

စစ်ကိုင်းတိုင်း ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် လူထုစစ်ကြောင်းအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းစဉ်တွင် ကျည်ဆံထိမှန်၍ ဖမ်းဆီးခံခဲ့ရသော အသက် (၂၀) အရွယ် ကို Pau Min Lun သည် ယနေ့ချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်း သိရသည်။

 

ကို Pau Min Lun သည် ပြီးခဲ့သည့် မတ် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် တာဟန်းသပိတ်စစ်ကြောင်း ဖြိုခွင်းမှုဖြစ်စဉ်တွင် အာဏာသိမ်းစစ်ကောင်စီများ၏ ပစ်ခတ်မှုကြောင့် ပေါင်တွင် ကျည်ဆံထိမှန်ကာ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ်ဝင်းအတွင်း စစ်ဆေးရုံသို့ ဆေးဝါးကုသမှုခံယူ၍ မတ် ၁၉ ရက်တွင် ခြေတစ်ဖက်ဖြတ်ခံလိုက်ခြင်းဖြစ်ပြီး ကလေးမြို့အကျည်းထောင်သို့ ပို့ခံရသူဖြစ်ကာ ယနေ့ချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသည့်အတွက် စိုးရိမ်ပူပန်နေလျက်ရှိသည်။

 

ထိုကဲ့သို့ ခြေတစ်ဖက်ဖြတ်ခံရပြီးနောက် ဧပြီ ၆ ရက်တွင် ဆေးရုံမှဆင်းသော်လည်း နေအိမ်သို့ပြန်ခွင့်မပြုဘဲ ကလေးမြို့ မြို့မရဲစခန်းတွင် တစ်ညချုပ်ထားပြီးနောက် ဧပြီ ၇ ရက်တွင် ကလေးအကျည်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 

“၇ ရက်နေ့က ထောင်ကိုရောက်သွားတာ အဲ့နောက်ပိုင်းတွေ့လည်း မတွေ့ရတော့ဘူး၊ ဘာမှလည်း မသိရတော့ဘူး၊ သူနဲ့လည်း အဆက်အသွယ်မရဘူး၊ ပစ္စည်းတွေကိုတော့ ခန့်မှန်းပြီးတော့ စားစရာ၊ သောက်စရာတွေတော့ သွားပေးတာ (၃) ခေါက်ရှိပြီ၊ ပစ္စည်းတွေကို ဂိတ်ပေါက်ကနေပေးပြီးတော့ သူတို့က အထဲသွင်းပေးလိုက်တာပဲရှိတယ် ဘာမှပြောခွင့်မရှိဘူး တွေ့လည်းမတွေ့ရဘူး ကျမခံ စားရတယ် အခု ထောင်ထဲမှာလည်း ဘယ်လိုနေမလဲ အဆင်ပြေလား မပြေဘူးလားဆိုတာ စိတ်ပူရတာပေါ့ တွေ့လို့လည်းမရ၊ ပြောလို့လည်းမရဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူးလေ၊ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်ဖြစ်နေတာ သူတို့ပြောတာတော့ ကျန်းမာရေးက ကောင်းပါတယ်လို့ပြောတာ ကိုယ်လည်း မမြင်ရဘူးဆိုတော့ သူတို့ပြောတာပဲ ကိုယ်လည်း ယုံရတော့တာပဲ” ဟု ကို Pau Min Lun ၏ မိခင်ဖြစ်သူကပြောသည်။

 

ကို Pau Min Lun သည် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်၊ နယ်မြေ (၈) တွင်နေထိုင်သူဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...