Published
Sunday, April 18, 2021
ကချင်ပြည်နယ်တွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား တစ်ထောင်ကျော်လွှတ်
နှစ်ဆန်းတစ်ရက် လွှတ်ငြိမ်းချမ်းသာခွင့်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ ကျား (၃၉၀) ဦး၊ မ (၁၁၅) ဦး ပေါင်း (၅၀၅) ဦး လွှတ်ငြိမ်းချမ်းသာခွင့်ရပြီး၊ မိုးညှင်းအကျဉ်းထောင်မှ ကျား (၈၇၉) ဦး၊ မ (၂၂၇) ပေါင်း (၁၁၀၆) ဦး လွှတ်ငြိမ်းခွင့်ရကာ စုစုပေါင်း အကျဉ်းသားတစ်ထောင်ကျော် လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့ ဧပြီလ (၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအမိန့်ဖြင့် အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား (၂၃၀၄၇) ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။