ဖက်ဒရယ်ဒီမိုကရေစီအတွက် ကြိုးပမ်းကြရန် ကယောအမျိုးသားဗဟိုကော်မတီနှင့် ကယောလူငယ်အစည်းအရုံး တိုက်တွန်း

ဖက်ဒရယ်ဒီမိုကရေစီအတွက် ကြိုးပမ်းကြရန် ကယောအမျိုးသားဗဟိုကော်မတီနှင့် ကယောလူငယ်အစည်းအရုံး တိုက်တွန်း
by -
နော်ဒွေးအယ်ခူ (KT)

အာဏာသိမ်းယူထားသည့်စစ်ကောင်စီကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် ကြိုးပမ်းကြရန် ကယောအမျိုးသားဗဟိုကော်မတီနှင့် ကယောလူငယ်အစည်းအရုံးက ကယောအမျိုးသားနေ့တွင် သဝဏ်လွှာပေးပို့ပြီး တိုက်တွန်းပြောဆိုထားသည်။

သမိုင်းအစဥ်အလာအရ အာဏာရှင်ဟူသမျှကိုဆန့်ကျင်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အခြားသော ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ အစဥ်တစိုက် ကြိုးပမ်းလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

ဧပြီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၅၃) ကြိမ်မြောက် ကယောအမျိုးသားနေ့ကို ဖရူဆိုမြို့နယ်အတွင်းရှိ ကယောလူမျိုးများနေထိုင်သည့် ဆင်ဖြူတောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကယောလူမျိုးတစ်ဦးကလည်း ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးနှင့်ပတ်သက်ပြီး အားတက်သရော ပါဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။

”အမတစ်ယောက်အနေနဲ့ကတော့ ကယောအမျိုးသားဗဟိုကော်မတီကို ကိုယ်စားပြုပြီးတော့မှ အလုပ်လုပ်ခြင်းတော့ မရှိပေမယ့် ကယောအမျိုးသားတစ်ဦးအနေနဲ့ကတော့ပေါ့နော ဒါကတော့ ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင်လည်းဖြစ်တယ်။ ကယောအမျိုးသားဗဟိုကော်မတီရဲ့ ထုတ်ပြန်ကြေညာချက်တွေ သဝဏ်လွှာတွေကလည်း ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ကိုယ် တစ်ထပ်တည်းကျတဲ့အတွက် ဒီဟာအတွက်ကို ဒီဇိုင်းမတ်မတ် ကဏ္ဍာပေါင်းစုံရှိလိမ့်မယ် အုပ်ချုပ်ရေး၊ စစ်ရေး၊ လူထုစည်းရုံးရေးကစနေပြီးတော့မှ အဲ့ထဲမှာလည်း တတ်နိုင်သလောက် အားထည့်ပြီးတော့မှ ပါဝင်သွားမယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်" ဟု ပြောသည်။

သဝဏ်လွှာတွင် မိမိ၏သမိုင်း၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းမြင့်တင်ရန်၊ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကယောအမျိုးသားထုတစ်ရပ်လုံး ပါဝင်ကြရန် တိုက်တွန်းထားသည်။

ကယောအမျိုးသားနေ့ကို နှစ်စဥ် အခမ်းအနားဖြင့် ကျင်းပခဲ့သော်လည်း လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကျဉ်းချုံးသာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...