မိုးညှင်းခရိုင်းအတွင်းတွင် CDM ပြုလုပ်မှုကြောင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနမှ နေ့စား၀န်ထမ်း ၆၆ ဦးကို နိုင်ငံ၀န်ထမ်းဥပဒေများ နည်းဥပဒေများနှင့် အမိန်ထုတ်ပြန်ချက်များကို လိုက်နာရန်ပျက်ကွက်သောကြောင့် နေ့စား၀န်ထမ်းအဖြစ်မှ ဧပြီလ ၇ ရက်နေ့ ညနေပိုင်းမှစတင်ကာ အလုပ်တာ၀န်များမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေးလုပ်ငန်းမှ ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ နေ့စား၀န်ထမ်းများတွင် ကချင်ပြည်နယ်ရုံးမှ (၂) ဦး၊ ဗန်မော်မြို့ (၁၂) ဦး၊ မိုးညှင်းမြို့မှ (၁၇) ဦး၊ မိုးကောင်းမြို့မှ (၂၄) ဦး၊ ပူတာအိုမြို့မှ (၃) ဦး၊ မိုးမောက်မြို့မှ (၂) ဦး၊ မံစီမြို့ရုံးမှ (၄) ဦး၊ ဆွမ်ပရာဘွမ်မှ (၁) ဦး၊ မြို့သစ်မှ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။
အလုပ်တာ၀န်မှ ရပ်စဲခံရသည့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေးလုပ်ငန်းမှ နေ့စား (လိုင်း) များ၊ နေ့စား (စီမံ)၊ နေ့စား (လယ်ဂျာ)၊ နေ့စား (မီတာ) စသော၀န်ထမ်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်တာ၀န်မှရပ်စဲခံရသည့် မိုးညှင်းမြို့မှ နေ့စား၀န်ထမ်းများထဲမှ တစ်ဦးကလဲ “ကျမတို့ဘက်က တာဝန်ကျေပါပြီနော် အလုပ်ပါထုတ်ခံလိုက်ရတဲ့အထိ CDM လုပ်လို့ အလုပ်ထုတ်ခံရတာ ဘာမဖြစ်ဘူး အရေးတော်ပုံအောင်ဖို့ အရေးကြီးပါတယ်နော်။ အရေးတော်ပုံအောင်ကိုေအာင်ရမည်” ဟု ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။