စစ်တပ်အာဏာသိမ်းမှုအား တုံ့ပြန်ဆန့်ကျင်သော မြန်မာစာရေးဆရာများနှင့် Creation 21 စာရေးဆရာများအသင်းမှ CDM လှုပ်ရှားမှုထောက်ခံကြောင်းထုတ်ပြန် 

စစ်တပ်အာဏာသိမ်းမှုအား တုံ့ပြန်ဆန့်ကျင်သော မြန်မာစာရေးဆရာများနှင့် Creation 21 စာရေးဆရာများအသင်းမှ CDM လှုပ်ရှားမှုထောက်ခံကြောင်းထုတ်ပြန် 
by -
မွန်းမွန်းပန် (MNJ)

ဒီမိုကရေစီလမ်းစဉ်အတိုင်း စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြတော်လှန်နေသော မြန်မာစာရေးဆရာများနှင့် ပြည်သူအားလုံးပါဝင်သော CDM လှုပ်ရှားမှုကို တက်ကြွစွာထောက်ခံကြောင်း ကိုရီးယားစာရေးဆရာများက ကြေငြာသည်။

လက်နက်မဲ့ပြည်သူများကို ညှာတာမှုမရှိဘဲ ပစ်ခတ်ခဲ့သည့် မြန်မာအာဏာသိမ်းစစ်တပ်အင်အားစုများအား ပြင်းထန်စွာရှုတ်ချပြီး ပြည်သူလူထုအားရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်မှု အဆုံးသတ်ရေး၊ အာဏာများအားလုံးကို CRPH (ပြည်ထောင်စုကိုယ်စားပြုလွှတ်တော်ကော်မတီ) သို့ငြိမ်းချမ်းစွာလွှဲပြောင်းခြင်း၊ အထွေထွေရွေးကောက်ပွဲရလဒ်အတိုင်း အများပြည်သူ၏ဆန္ဒကို လေးစားခြင်းနှင့် အမြန်ဆုံး မူလအနေအထားသို့ပြန်သွားရန် တောင်းဆိုထားသည်။

ကိုရီးယားအစိုးရအား စစ်တပ်၏အာဏာကို အခိုင်အမာငြင်းပယ်ရန်နှင့် နောက်ဆုံးတရားဝင်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့်နိုင်ငံရေးခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသည့် CRPH အား အသိအမှတ်ပြုရန်တိုက်တွန်းလိုကြောင်း ပါဝင်သည်။

ဒီမိုကရေစီအတွက် ရုန်းကန်နေရသော မြန်မာပြည်သူလူထု၏ မျှော်လင့်ချက်များကိုထောက်ခံပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြောင်း ဆိုထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...